ကုန်းဘောင်မင်းဆက် ဘုရင့်ဆွေတော်မျိုးတော်များ ပထမဆုံးအကြိမ်စုပေါင်း ဂါရ၀ပြုခွင့်ရ
သူသူအောင်
·
October 24, 2018
မြန်မာပြည်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကုန်ဘောင်မင်းဆက်ရဲ့ ဘုရင့်ဆွေတော်မျိုးတော် တွေကို စုပေါင်း ဂါရ၀ပြု မေတ္တာပို့ အမျှတော်ဆက်ပွဲကို ဒီကနေ့ အောက်တိုဘာ ၂၄ရက်မှာ ပထမအကြိမ် ပြန်လည်ကျင်းပခွင့်ရ ရှိပါတယ်။
ကုန်ဘောင်မင်းဆက် မောင်နှမတွေဟာ ဘုရင့်ဆွေတော်မျိုးတော်တွေရဲ့ သချိုင်္င်းမှာ ၁၉၆၆ခုနှစ် နောက်ပိုင်းကစလို့ နှစ် ၅၀ ဆယ်ကျော်ကြာအောင် စုပေါင်း ဂါရ၀ပြုခွင့်မရခဲ့ဘဲ အခုနှစ်မှာ ပြန်လည်ကျင်းပခွင့်ရတာပါ။
ကုန်းဘောင်မင်းဆက်ရဲ့ ဆွေတွေမျိုးတော်ရဲ့ သင်္ချိုင်းဟာ ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားရဲ့ အနောက်ဘက် စောင်းတန်းနားမှာ ရှိတာပါ။ သတင်းကျွတ်လပြည့်နေ့မှာ ခုလို ဂါရ၀ ပြုခွင့်ရတဲ့အတွက် ပိုအကျိုးရှိတယ်လို မင်းတပ်ထိပ်တင်ဖြူကပြောပါတယ်။
ဘုရင့်ဆွေတော်မျိုးတော်သင်္ချိုင်းကို အရင်က ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ခွင့်မရရှိခဲ့ပါဘူး။ အခုနှစ်ပိုင်းမှာတော့ ဆွေတော်မျိုးတော်တွေ ကိုယ်တိုင်ပြန်လည် ပြုပြင်ခွင့်ရရှိခဲ့တာကြောင့် မင်းတုန်းမင်းတရားကြီး သမီးတော် မင်းတပ်ထိပ်ခေါင်တင်ရဲ့ အုတ်ဂူတွေကို ပြန်ပြုပြင်ခဲ့ပါတယ်။
ဒါ့အပြင် ကုမ္မာဒေဝီဘွဲ့ခံ ခုနှစ်တိုက်ရွာစား မိဘုရားကြီး ဂူတော်တွေကိုလည်း ပြန်လည်ပြုပြင်သွားဖို့ရှိနေပါတယ်။
မင်းတုန်းမင်းတရားကြီးရဲ့ သမီးတော် မင်းတပ်ထိပ်ခေါင်တင် လက်ထဲက ဝယ်ယူထားတဲ့ ဆွေတော်မျိုးတော်သင်္ချိုင်းမှာ ဘုရင့်ဆွေတော်မျိုးတော်အုတ်ဂူပေါင်း ၅၀ကျော်ရှိပါတယ်။