ကိုလံဘီယာနိုင်ငံတွင် သေဆုံးသည့် ဗင်နီဇွဲလား နိုင်ငံသား ၃၀၀ ကျော်ထိရှိလာ

ကိုလံဘီယာ နိုင်ငံအတွင်း ဗင်နီဇွဲလား နိုင်ငံသားတွေ ကြမ်းတမ်းရက်စက်တဲ့ ပုံစံနဲ့ သေဆုံးနှုံးဟာ ၂ဝ၁၇ ကနဲ့ စာရင် ၃ ဆ ပိုတိုးလာတယ်လို့ အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။ ၂ဝ၁၈ ရဲ့ ပထမ ၉ လအတွင်း ကိုလံဘီယာ နိုင်ငံထဲမှာ ဗင်နီဇွဲလား နိုင်ငံသား အယောက် ၃၁ဝ သေဆုံးခဲ့ပြီး မနှစ်ကထက် ၂၄၄.၄ ရာခိုင်နှုန်း တိုးလာတယ်။ သေဆုံးမှုရဲ့ ၅၆ ရာခိုင်နှုန်း က အသတ်ခံရတာလို့ မှုခင်းစိတ်ပညာဆိုင်ရာ ကိုလံဘီယာ အမျိုးသား တက္ကသိုလ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက် သတ်ဖြတ်မှုတွေ အများစုက လာဂွါဂျီရာနဲ့ နော်တေဒေစန်တန်ဒါ နယ်စပ် ဒေသတွေမှာ ဖြစ်ခဲ့တာပါ။ ကားတိုက်မှုနဲ့ တခြား မတော်တဆမှုတွေမှာ လူတချို့ သေဆုံးပြီး တချို့ကတော့ သူတို့ကိုယ် သူတို့ သတ်သေခဲ့ကြပါတယ်။ ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့က ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းမှာ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသားတဦးဗိုက်မှာ ဓားထိုးခံရအပြီး အောက်တိုဘာ ၂၃ ရက်မှာ တင်းမာမှု မြင့်နေပါတယ်။ ကိုလံဘီယာ အမျိုးသား တယောက်ကဓားနဲ့ ထိုးခဲ့တာလို့ အခင်းဖြစ်ရာ နေရာက ဗင်နီဇွဲလား နိုင်ငံသားတွေက ပြောပါတယ်။ လက်နက်ကိုင် ရဲတွေ စခန်းဆီ ရောက်လာခဲ့ပြီး ဓားထိုးခံရသူကို ရှေးဦးသူနာပြုတွေက ကုသပေးခဲ့ပါတယ်။ ဗင်နီဇွဲလား နိုင်ငံသား ၂ ဒသမ ၆သန်းဟာ အလွန်အမင်း ငွေကြေး ဖောင်းပွမှုနဲ့ စားနပ်ရိက္ခာ ဆေးဝါး ပြတ်လပ်မှုတွေကြောင့် ၂ဝ၁၅က စပြီး နိုင်ငံကို စွန့်ခွာခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အခြေအနေ ပိုဆိုးလာခဲ့ရင် ၂ဝ၂၁ မှာ ကိုလံဘီယာ နိုင်ငံအတွင်း ဗင်နီဇွဲလား နိုင်ငံသား လေးသန်းအထိ တိုးလာနိုင်တယ်။ လူသားချင်း စာနာမှု အကူအညီအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၉ ဘီလျံထိ ကုန်ကျနိုင်တယ်လို့ ကိုလံဘီယာ အစိုးရက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up