ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်၊ အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
October 24, 2018
မန္တလေး ချမ်းအေးသာစံမြို့နယ်က အိမ်တအိမ်မှာ ဒီကနေ့ မနက် ၇ နာရီလောက်က လျှပ်စစ်ကွိုင်မီးဖို အပူလွန်ကဲ မီးလောင်မှု ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦးသေဆုံးသွားပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ မြနန္ဒာလမ်းသွယ်၊ ၆၂ × ၆၃ လမ်းကြား၊
၂၇ ×၂၈ လမ်းကြား၊ အကွက် (၈၀၆)နေ ဒေါ်တင်မြင့် (ခ) ဒေါ်တင်တင်မြင့် (၆၇)နှစ် နေအိမ်မှာ လျှပ်စစ်ကွိုင်မီးဖိုနဲ့ ဟင်းအိုးတည်ထားရာကာ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် ပေ ၄၀ ×ပေ ၃၀ သွပ်မိုး၊ ပျဉ်ထောင်၊ တစ်ထပ်နေအိမ် တစ်လုံးဆုံးရှုံးခဲ့ပြီး အိမ်ရှင် ဒေါ်တင်မြင့် (ခ) ဒေါ်တင်တင်မြင့်ဟာလည်း အိပ်ခန်းထဲမှာ သေဆုံးနေတာတွေ့ရလို့ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ရာမှုကို မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်ငြှိမ်း သတ်ခဲ့ရာ မနက် ၇ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းသွားခဲ့ပါတယ်။