A d v e r t i s e m e n t With Us

သတင်းထောက်သေဆုံးမှု အပြည့်အ၀စုံစမ်းစစ်ဆေးမည်ဟု ဆော်ဒီ ပြော

ဆော်ဒီသတင်းထောက် ဂျမဲခါရွှန်းအီသေဆုံးမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ဆော်ဒီအာရေဗျဟာ စေ့စပ်သေချာပြီး ပြီးပြည့်စုံတဲ့ စုံစမ်းရေး လုပ်ဆောင်သွားမယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ကတိပြုပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အယ်ဂျယ်အဲဟူဘယ်က အောက်တိုဘာ ၂၃ ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ဆော်ဒီ သတင်းထောက်သေဆုံးမှုဟာ နိုင်ငံတကာ ဝေဖန်မှုကိုဖြစ်စေပြီး အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ဒီအမှုကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စေ့စေ့စပ်စပ် စုံစမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up