A d v e r t i s e m e n t With Us

တရုတ်နှင့် အိန္ဒိယ လုံခြုံရေးပူးပေါင်းဆောင်ရွက်မည်

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေး နယ်ပယ်တွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ဖို့ အောက်တိုဘာ ၂၃ ရက်က ကတိပြုလိုက်ကြပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို အလည်အပတ်ရောက်နေတဲ့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီး နိုင်ငံတော်ကောင်စီဝင် ကျိုးခါ့ကျိနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံဆွေးနွေးမှာ ကတိပြုလိုက်တာပါ။ နယ်ပယ် အသီးသီးမှာ ဗျူဟာမြောက် ဆက်ဆံရေး၊ နိုင်ငံရေးယုံကြည်မှု တိုးမြှင့်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ထိန်းသိမ်းဖို့၊ တရုတ်-အိန္ဒိယ ဆက်ဆံရေးကို အဆင့်တိုးမြှင့်ဖို့ အိန္ဒိယက လိုလားတယ်လို့ မိုဒီက ပြောပါတယ်။ “နှစ်နိုင်ငံကြား မိတ်ဖက်ဖြစ်မှု တိုးတက်ကာ ပိုနီးစပ်လာစေဖို့နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ခွဲထွက်ရေးတပ်တွေကို နှိမ်နင်းမှု၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်မှုစတဲ့ လုံခြုံရေးနဲ့ ဥပဒေ အာဏာတည်စေရေး နယ်ပယ်တွေမှာ ဘုံယုံကြည်ချက် တိုးမြှင့်သင့်တယ်။ ပူးပေါင်း ဆောင်ရွက်ရေး နက်ရှိုင်းအောင် လုပ်ဖို့သင့်တယ်” လို့ တရုတ်ဝန်ကြီး ကျိုးခါ့ကျိက ပြောပါတယ်။ တရုတ်ဝန်ကြီးဟာ အိန္ဒိယ အမျိုးသားလုံခြုံရေး အကြံပေး အဂျစ်ဒိုဗယ်နဲ့လည်း တွေ့ဆုံခဲ့ သလို အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရတ်ခ်ျနာ့သ်ဆင်းဂ်နဲ့အတူ တရုတ်နဲ့ အိန္ဒိယကြား ပထမဆုံး အဆင့်မြင့် အစည်းအဝေးမှာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက် လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို နှစ်နိုင်ငံ အရာရှိတွေ လက်မှတ် ရေးထိုးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up