Miss Grand International 2018 အကြိုပြိုင်ပွဲ ရန်ကုန်တွင်ကျင်းပ
DVB
·
October 24, 2018
မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ Miss Grand International 2018 ပြိုင်ပွဲ အကြိုပြိုင်ပွဲအဖြစ် အောက်တိုဘာ ၂၃ ရက်ညက ရန်ကုန်မှာ ကျင်းပပါတယ်။
စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေး ခေါင်းစဉ်နဲ့ကျင်းပနေတဲ့ Miss Grand International ပြိုင်ပွဲတွေမှာ ပေါ်တိုရီကို အလှမယ်၊ သြစတြေးလျ အလှမယ်၊ အင်ဒိုနီးရှားအလှမယ်နဲ့ ပီရူး အလှမယ်တို့က အနိုင်ရရှိထားတာပါ။
Miss Grand International 2018 ပြိုင်ပွဲကိုတော့ မြန်မာကိုယ်စားပြုအလှမယ် ဆုမြတ်ဖူး အပါအဝင် ထိုင်း၊ ဖိလစ်ပိုင်၊ ပိုလန် နဲ့ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၈၀ က အလှမယ်တွေက ပါဝင်ယှဉ်ပြိုင်ကြနေကြဖြစ်ပါတယ်။
Miss Grand International 2018 ပြိုင်ပွဲက ၆ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာတော့ ထိုင်းနိုင်ငံမှာကျင်းပခဲ့တာပါ။
ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ Las Vegas နဲ့ ၂၀၁၇ ခုနှစ်မှာတော့ ဗီယက်နမ်မှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အေးချမ်းမိုးက ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီနှစ်ပြိုင်ပွဲတွေကိုတော့ အောက်တိုဘာ ၂၀ ရက်က ကော့သောင်းမှာ ရေကူးဝတ်စုံပြိုင်ပွဲ ကျင်းပခဲ့ပြီး ဖြစ်သလို လာမယ် အောက်တိုဘာ ၂၅ ရက်နေ့မှာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို The One Entertainment မှာပဲ ကျင်းပသွားမှာပါ။
ဓာတ်ပုံ - Miss Grand International 2018