မြန်မာ-ထိုင်းနယ်စပ်တွင် တရားမဝင် အင်တာနက်စလောင်းများ ဖမ်းဆီးရမိ
DVB
·
October 24, 2018
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ တရားမဝင် အင်တာနက်စလောင်း ၅ဝ ခုနဲ့ ဆက်စပ် စ္စည်းတွေနဲ့အတူ တရုတ်နိုင်ငံသား ၂ဝ ဦး၊ ထိုင်းနဲ့ မြန်မာ ၁ဝ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံထုတ် အင်တာနက်စလောင်းတွေကို ထိုင်းနိုင်ငံ၊ မဲဆောက်နယ်စပ်က တဆင့် အိမ်နီးခြင်းနိုင်ငံတွေကို ထပ်ဆင့်ပိုပေးတဲ့အတွက် ထိုင်းဥပဒေနဲ့ မညီတာကြောင့် ထိုင်း အခွန်ဦး စီးဌာန၊ လဝက၊ စစ်တပ်၊ ရဲ၊ ခရီးသွားရဲနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ပူးပေါင်းပြီး မနေ့က ဖမ်းဆီးခဲ့တာပါ။
မြန်မာ-ထိုင်းနယ်စပ်မှာ တရားမဝင် အင်တာနက် တပ်ဆင်ပေးနေတဲ့လုပ်ငန်းဟာ နှစ်ပေါင်းများစွာရှိနေပြီး အခုလို ဖမ်းဆီးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဖိုးစီ