A d v e r t i s e m e n t With Us

တူရကီ ပင်လယ်ပြင်၌ ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့်လှေနစ်မြုပ်၊ ၂ ဦးသေ

EDITORS NOTE: Graphic content / The body of a woman and another person who is alive are rescued from a dilapidated and sinking boat by members of the Spanish NGO Proactiva Open Arms in the Mediterranean Sea about 85 miles off the Libyan coast on July 17, 2018. / AFP PHOTO / PAU BARRENA
တူရကီနိုင်ငံရဲ့ အနောက်ဘက် ဘော့ရွန်ကမ်းရိုးတန်းနဲ့ မီတာ ၅၀ လောက် အကွာ ကမ်းလွန်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ လှေတစီး အောက်တိုဘာ ၂၂ ရက်က နစ်မြုပ်ခဲ့လို့ လူ ၂ ယောက် သေဆုံးတယ်လို့ ကမ်းရိုးတန်းစောင့် တပ်က ပြောပါတယ်။ လှေပေါ်က လူ ၁၇ ယောက်ကို ကယ်နိုင်ခဲ့ပြီး ၃ ယောက်က ကမ်းခြေဆီ သူတို့ကိုယ်တိုင် သွားနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ “၂ ယောက်က ဆေးရုံရောက်မှ သေဆုံးတာပါ။ သူတို့ ဘယ်နိုင်ငံသားတွေဆိုတာ မဖော်ထုတ်ရသေးပါဘူး။ ပျောက်ဆုံး ခရီးသည်တွေကို ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေ တယ်”လို့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်က  ပြောပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတွေက ပဋိပက္ခတွေနဲ့ ဆင်းရဲ မွဲတေမှုတွေကနေ ထွက်ပြေးလာသူ အများအပြားဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဆီ ရောက်ဖို့ ပင်လယ်ရေကြောင်းကနေ လာခဲ့ကြတာပါ။ တူရကီကတော့ ၂၀၁၅ မှာ အဓိက ဝင်ပေါက် တွေထဲက တခု ဖြစ်လာပါတယ်။

A d v e r t i s e m e n t With Us

More News
Up