A d v e r t i s e m e n t With Us

ဓားဖြင့်ထိုးသည့် ပါလက်စတိုင်းစစ်သားကို အစ္စရေးစစ်တပ်က အသေပစ်သတ်

အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း စစ်သား တယောက်က အစ္စရေး စစ်သားတယောက်ကို အောက်တိုဘာ ၂၂ ရက်က ဓားနဲ့ ထိုးခဲ့လို့ ဒဏ်ရာရ စစ်သားနဲ့ တခြားစစ်သည်တွေက သူ့ကို အသေပစ်သတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟီဘရွန်မြို့အတွင်း မွတ်စလင်တွေက အီဘရာဟီမီဗလီလို့ သတ်မှတ်ပြီး ဂျူးတွေက ခရစ်ယာန် ဂိုဏ်းအုပ် ဘုန်းတော်ကြီးရဲ့ သမာကျမ်းလိုဏ်ဂူလို့ သတ်မှတ်တဲ့ နေရာနားမှာ ခုလို ဖြစ်ပျက်ခဲ့တာပါ။ ပါလက်စတိုင်းတွေဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစပြီး အစ္စရေးနဲ့ အနောက်ဘက် ကမ်းပါးနယ်မြေတွေထဲမှာ ဓားနဲ့ တိုက်ခိုက်တာ၊ ကားနဲ့ ဝင်တိုက်တာ စတာတွေကို စလုပ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် အရှေ့ အလယ်ပိုင်း စစ်ပွဲမှာ အစ္စရေးက သိမ်းပိုက်တာ ခံခဲ့ရတဲ့ အနောက်ဘက် ကမ်းပါးကို ပါလက်စတိုင်းတွေက ပြန်လိုချင်နေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up