A d v e r t i s e m e n t With Us

ထိုင်းတွင် ဆင်စွယ်ထုတ်ကုန်ပစ္စည်းများ မဝယ်ယူရေး လှုပ်ရှားမှု စတင်

ထိုင်းနိုင်ငံမှာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကဏ္ဍတခုအနေနဲ့  ဆင်စွယ်ထုတ်ကုန် ပစ္စည်းတွေ မဝယ်ယူရေး လှုပ်ရှားမှုကို စတင်နေပါတယ်။ ကမ္ဘာ့သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (WWF) ရဲ့ အထောက်အပံ့နဲ့ ဆင်စွယ်ကင်းစင်ရေး ခရီးသွား လှုပ်ရှားမှုကို မကြာသေးခင်က ထိုင်းမှာ စတင်ခဲ့တာပါ။ ၁၉၉ဝ ပြည့်နှစ်ကစလို့ နိုင်ငံတကာမှာ ဆင်စွယ်ထုတ်ကုန်ပစ္စည်းတွေကို တားမြစ်ထားပေမယ် ထိုင်းနိုင်ငံမှာတော့ ကျန်းမာရေးမကောင်းတဲ့ ဒါမှမဟုတ် သဘာဝ အတိုင်းသေဆုံးတဲ့ ဆင်တွေရဲ့ အစွယ်ထုတ်ကုန်တွေကိုအခုထိ ရောင်းချခွင့်ပြုထားဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ် မန်နေဂျာ ဂေါ်ဒွန်ဟောလ်ကောင်ဒန်က “ပွင့်ပွင့်လင်းလင်းပြောရရင် ဆင်စွယ်ဟာ လှပတယ်။ ပန်းပုထုလို့ကောင်းတဲ့ ပစ္စည်းတခုပါ။ ဒါပေမယ့် လူတွေအနေနဲ့ ဒီလို ဆင်စွယ်ပန်းပုထုပြီး အသုံးပြုနေတဲ့ အစဉ်အလာတွေ အလေ့အကျင့်ကို ရပ်ပစ်ဖို့ လိုတာကို သဘောပေါက်သင့်ပါတယ်။ မဟုတ်ရင်တော့ ကမ္ဘာမှာ ဆင်မျိုးသုဉ်းသွားနိုင်ပါတယ်” လို့ ပြောပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ဒါမှမဟုတ် သေဆုံးတဲ့ဆင်တွေကနေ ရတဲ့ဆင်စွယ်ဟာ တစ်နှစ်ကို ၅ဝဝ ကီလိုဂရမ်လောက်သာရှိပေမယ့် အခု ထိုင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားနေတဲ့ ဆင်စွယ် ပမာဏကတော့ ကီလိုဂရမ် ၁၂ သန်းလောက် ရှိနေပါတယ်။ “ကမ္ဘာလှည့် ခရီးသည်တွေအနေနဲ့ ဆင်တွေနဲ့ အနီးကပ်နေ၊ ဆင်တွေကို အစာကျွေးရင်းနဲ့ ဆင်တွေကို ချစ်လာတယ်။ အဲဒါနဲ့ သူတို့ ဆင်မြီးတို့ ဆင်စွယ်တို့ကနေလုပ်တဲ့ ပစ္စည်းတွေကို မဝယ်ချင်တော့ဘူး” လို့ ထိုင်းနိုင်ငံ ဆင်ထိန်းသိမ်းရေးစခန်းက  ဆင်ဦးစီး ဆွမ်ချာချာခန်းက ပြောပါတယ်။ အခုပြုလုပ်နေတဲ့ ဆင်စွယ်ကင်းစင်ရေး ခရီးသွားလှုပ်ရှားမှုဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆယ်စွယ်ထုတ်ကုန်တွေ မဝယ်ယူရေး စည်းရုံးပြီး ဒီနည်းနဲ့ ဆင်စွယ်မှောင်ခိုဈေးကွက်ကို လျှော့ချကာ ဆင်မျိုးသုဉ်းမယ့်အန္တရာယ်ကို ကာကွယ်နေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up