ပဲခူးမြစ်ရေကြီးနိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူများ ဂရုပြုနေထိုင်ရန် သတိပေး
DVB
·
October 23, 2018
ပဲခူးမြစ်ရေဟာ အောက်တိုဘာ ၂၃ ရက် ဒီနေ့ ၁၁ နာရီခွဲအချိန် တိုင်းထွာချက်အရ နောက် တရက်အတွင်း ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့မှာတော့ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲလောက်မှာရှိနေပြီး ပဲခူးမြို့နယ်ထဲက မြစ်ကမ်းနားနဲ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့လည်း အကြံပြုထားပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ မြစ်ဝကျွန်းပေါ်ဒေသအပါအဝင် ဆက်စပ်နေတဲ့ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဆက်လက်တည်ရှိနေတယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-မိုးဇလ