A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် အပူပိုင်းမုန်တိုင်းတိုက်ခတ်၍ လူ ၁၁ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း အော့ဆာကာပြည်နယ်ကို အပူပိုင်းမုန်တိုင်း ဗင်းဆင့် ဝင်ရောက်တိုက်ခတ်လို့ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ အရပ်ဖက်ကာကွယ်ရေး အာဏာပိုင်တွေက အောက်တိုဘာ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မိုးသည်းထန်တာကြောင့် ချီတယ်ပက်မြို့အနီးက  မြစ်ရေလျှံတက်ခဲ့ပြီး နေအိမ်တွေ ရေလွှမ်းခဲ့တာပါ။ ဒီအတွက် မက္ကဆီကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ လှေတွေ အသုံးပြုပြီး ပိတ်မိနေတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ အောက်တိုဘာလ ၂ဝ ရက်က ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်တည်ခဲ့တဲ့ မုန်တိုင်း ဗင်းဆင့်ဟာ လေတိုက်နှုန်း တနာရီ ၄၅ မိုင်နဲ့ အားကောင်းလာခဲ့ပြီး မန်ဇာနီယိုမြို့ အရှေတောင်ဘက် ၃၆၅ မိုင်အကွာကို ရောက်ရှိနေပါတယ်။ အဆိုပါမုန်တိုင်းဟာ အောက်တိုဘာလ ၂၃ ရက်မှာ မက္ကဆီကို အနောက်တောင်ပိုင်းကို  ချဥ်းကပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up