နေမာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမည်မဟုတ်ဟု မာကွင်ဟို ပြော

2K
နေမာကိုခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေ ကံကောင်းဖို့ ဆန္ဒပြုတယ်လို့ အသင်းဖော်နောက်ခံလူ မာကွင်ဟိုကပြောကြားလိုက်ပါတယ်။
နေမာနဲ့ မာကွင်ဟိုတို့ဟာ ပီအက်စ်ဂျီအသင်းမှာ အတူတွဲဖက်ကစားနေသူတွေဖြစ်သလို ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း တွဲဖက်ကစားနေကြသူတွေပါ။
နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလိမ့်မယ်လို့ မထင်မိကြောင်းနဲ့ အသင်းမှာ ပျော်ရွှင်နေတယ်လို့ မာကွင်ဟိုက ဆိုပါတယ်။
အသင်းကနေ နေမာ ထွက်ခွာသွားနိုင်တဲ့ အကြောင်းပြချက်တွေ ရှာမတွေ့ရတာကြောင့် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကာယကံရှင် နေမာကိုပဲ တိုက်ရိုက်မေးမြန်းသင့်တယ်လို့လည်း မာကွင်ဟိုက ပြောကြားခဲ့ပါတယ်။
နေမာကို ရီးရဲလ်နဲ့ ဘာစီလိုနာအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သတင်း ထွက်နေပေမယ့် ဘာစီလိုနာ ဘက်ကတော့ ငြင်းဆန်ထားပြီး ပီအက်စ်ဂျီနည်းပြ တူချယ်ကလည်း ထွက်ခွာမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။