A d v e r t i s e m e n t With Us

အာဆင်နယ်အသင်း လက်စတာကို (၃-၁)ဂိုးဖြင့် အနိုင်ယူပြီး ၁၀ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်(ရုပ်သံ)

မနေ့ညက ကန်သွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်မှာ အာဆင်နယ်အသင်းက လက်စတာစီးတီးအသင်းကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရပြီး အခုနှစ်ရာသီမှာ ၁၀ပွဲဆက်တိုက်ရှုံးပွဲမရှိ စံချိန် ဆက်တင်လိုက်ပါတယ်။ ပထမပိုင်းပွဲချိန် ၃၁ မိနစ်မှာ လက်စတာအသင်းအတွက် ဘယ်လာရင်က အဖွင့်ဂိုးနဲ့ ဦးဆောင် ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာ အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်က ချေပဂိုး သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေပါတယ်။ အာဆင်နယ်အသင်းဟာ  လက်စတာအသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၆၃ မိနစ်နဲ့ ၆၆ မိနစ်တွေမှာ လူစားဝင်လာတဲ့ အူဘာမီယန်းက ၅မိနစ်အတွင်း နှစ်ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့လို့ အာဆင်နယ် အသင်း  ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာဖြစ်ပါတယ်။ အာဆင်နယ်အတွက်တော့ ဆယ်စုနှစ်တခုအတွင်းမှာ  ပထမဆုံး ပြိုင်ပွဲအစုံမှာ ၁၀ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး ပွဲအပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ  စုစုပေါင်း ရမှတ် ၂၁မှတ်နဲ့ စတုတ္ထနေရာကို တက်လာပါတယ်။

A d v e r t i s e m e n t With Us

More News
Up