A d v e r t i s e m e n t With Us

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင်၌ စိတ်ကြွဆေးပြား ၅ သန်းခန့် ဖမ်းဆီးရမိ

မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းမြို့နယ်မှာ  စိတ်ကြွဆေး အ လုံးရေ ၄ သန်း ၈ သိန်းလောက် ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ နယ်မြေထဲမှာ မူးယစ်ဆေးဝါး သယ်ဆောင်လာမယ်လို့ ကြိုတင်သတင်းအရ နယ်မြေရဲစခန်း မူးယစ်ရဲတပ်ဖွဲ့တွေအပါအ၀င် ပူးပေါင်းအဖွဲ့ကစောင့်ကြပ်စစ်ဆေးနေစဉ် မနေ့ မွန်းလွဲ ၁ နာရီခွဲ လောက်မှာ စစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းသွားတဲ့ ဟိုင်းလပ်ကားတစ်စီးကို လိုက်လံဖမ်းဆီးရာမှာ မယ့်ဆောင်ဂိတ်မှာဖမ်းမိတယ်လို့ မယ့်အိုင်းရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ စစ်ဆေးချက်အရ ကားနောက်ခန်းမှာ အိတ်ပေါင်း ၄၈ အိတ်တင်ဆောင်လာပြီး အိတ်တစ်လုံးစီမှာ စိတ်ကြွဆေးပြား ၁ သိန်းစီပါတဲ့အတွက် စုစုပေါင်း စိတ်ကြွဆေးအလုံးရေ ၄ သိန်း ၈ သိန်းဖမ်း မိခဲ့ပြီး အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းရတ်ချတ်ဆိုသူ ထိုင်းလူမျိုးကို ဖမ်းဆီး အရေးယူထားတယ်လို့ ဆိုပါတယ်။ နိုင်းရတ်ချတ်ကို စစ်ဆေးချက်အရ နောက်ထပ်မူးယစ်ဆေးတွေ ကျန်ရှိနေသေးတယ်လို့ ဆိုတဲ့အတွက် ကွင်းဆက်တွေဖမ်းမိဖို့ နယ်မြေထဲ ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေတယ်လို့  မယ့်အိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up