ကောင်စစ်ဝန်ရုံးတွင် ဆော်ဒီသတင်းထောက်သေဆုံးမှု တူရကီ ဝန်ထမ်း ၅ ဦးထွက်ဆိုမည်

ဆော်ဒီသတင်းထောက် ခါရွှန်းအီ သေဆုံးမှု စုံစမ်းရေးမှာ မျက်မြင်သက်သေတွေအဖြစ် ဆော်ဒီကောင်စစ်ဝန်ရုံးက တူရကီ ၀န်ထမ်း ၅ ဦး ထွက်ဆိုချက်တွေ ပေးမယ်လို့ တူရကီ NTV သတင်းဌာနက အောက်တိုဘာ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဆော်ဒီကောင်စစ်ဝန်ရဲ့ ယာဉ်မောင်းအပါအ၀င် ရုံးဝန်ထမ်း  ၂၀ ဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထွက်ဆိုချက်ပေးခဲ့တယ်လို့ NTV သတင်းဌာနက အစီရင်ခံပါတယ်။ ဆော်ဒီသတင်းထောက် ခါရွှန်းအီဟာ မင်္ဂလာပွဲအတွက် အထောက်အထားတွေယူဖို့ ဆော်ဒီကောင်စစ်ဝင်ရုံးကို သွားရာမှ အောက်တိုဘာလ ၂ ရက်နေ့မှာ ပျောက်ဆုံးခဲ့ပါတယ်။ အဆိုပါ ပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ ဆော်ဒီအာဏာပိုင်တွေက မသိရှိကြောင်း သီတင်းပတ် အတော်ကြာ ငြင်းဆိုခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ခါရွှန်းအီသေဆုံးခဲ့ကြောင်း ဆော်ဒီအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up