Home
မြန်မာသတင်း
အားလုံးပူးပေါင်းဆောင်ရွက်မှ အပစ်ရပ်ပူးတွဲစောင့်ကြည့်လုပ်ငန်း အောင်မြင်မည်
DVB
·
October 22, 2018
သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ကျမှာသာ ဂျီအဲန်စီရဲ့လုပ်ငန်းတွေ အောင်မြင်မှာ ဖြစ်တယ်လို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) ဥက္ကဋ္ဌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်က ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက် မနက်ကဘားအံမြို့ရှိ  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC-S) ရုံးမှာ ပြုလုပ်တဲ့ (၁၈) ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။ “သုံးဦး သုံးဖလှယ် ပူးပေါင်းဆောင်ရွက်ကြမှာသာ ဂျီအဲန်စီရဲ့လုပ်ငန်းတွေဟာ အောင်မြင်မှာ ဖြစ်တယ်ဆိုတာ အားလုံးသိမယ် ထင်ပါတယ်။ အခုတခေါက် အစည်းအဝေးမှာလည်း ဆွေးနွေး ရမယ့် အကြောင်းအရာလေးတွေ များမယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။ ဖြစ်ပျက်ခဲ့သမျှ ကိစ္စလေးတွေကို ကြည့်မယ်ဆိုလိုရှိရင် စောင့်ကြည့်တဲ့အပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စအားလုံး အသိတရားရှိရှိနဲ့ အကောင်းဆုံးဖြစ်ခဲ့မယ်”လို့ ပြောပါတယ်။ ဆွေးနွေးပွဲမှာ ပြည်နယ်အဆင့်ကော်မတီဝင် အသစ်တွေနဲ့ မိတ်ဆက်တာ၊ ဂျေအဲန်စီဆိုင်ရာ လုပ်ငန်းတွေကို ဆွေးနွေးအတည်ပြုတာ၊ ပြည်နယ်အဆင့်အလှည့်ကျ ဒုဥက္ကဋ္ဌ(၂) အရပ်သားကိုယ်စားလှယ်ကို တာဝန် လွှဲပြောင်း ထမ်းဆောင်ရေးအတွက် ဆွေးနွေးတာ၊ တိုင်ကြားစာ၊ ကန့်ကွက်စာ၊ အကြောင်းကြားစာတွေနဲ့ ဖြေရှင်းချက်တွေကို တင်ပြတာ အပါအဝင် အစီအစဉ် (၁၈) ခုနဲ့ ပြုလုပ်ခဲ့ပါ တယ်။ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)ကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၉ ရက် မှာ ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ် ၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၆ ဦး၊ အရပ်သားကိုယ်စားလှယ် ၄ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၂ ကြိမ်မြောက် ပြည်ထောင်စုအဆင့် JMCU အစည်းအဝေးကနေပြီး ကရင်ပြည်နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များပြားတဲ့အတွက် ပြည်နယ်အဆင့် JMC ကို အဖွဲ့ဝင်ပေါင်း ၂၂ ဦး အထိ တိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024