Home
မြန်မာသတင်း
လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို မှတ်ပုံတင်လုပ်ပေးမည်
ပိုင်စိုး
·
October 22, 2018
လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ်နဲ့ လျှပ်စစ်သုံးဘီးဆိုင်ကယ်တွေကို ကြီးကြပ်ဖို့ ခက်ခဲတာကြောင့် မှတ်ပုံတင်လုပ်ပေးတော့မယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ လာမယ့်နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) ရုံးစိုက်ရာမြို့ပေါင်း ၄၉ မြို့မှာ One Stop Service နဲ့ ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ စနေ ရုံးပိတ်ရက်တွေမှာတော့ Mobile Team ရွေ့လျားအဖွဲ့နဲ့ အချက်အချာကျတဲ့ မြို့ ၃၉ မြို့မှာ နယ်လှည့်ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။ မှတ်ပုံတင်လုပ်ရာမှာ အကောက်ခွန်နှုန်းတွေ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန က ကောက်ခံမယ့် မှတ်ပုံတင်နှုန်းတွေ၊ မြန်မာ့အာမခံလုပ်ငန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့မှာ ပေးသွင်းရမယ့် နှုန်းတွေကိုတော့ မှတ်ပုံတင်လုပ်ပေးတဲ့နေရာမှာ ကြေညာပေးထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစီမံချက်မှာ ၂၀၁၈ မော်ဒယ်နဲ့အထက်ကိုပဲ ဆောင်ရွက်ပေးမှာပါ။ အိုမင်းဟောင်းနွမ်းနေတဲ့ သုံးဘီးဆိုင်ကယ်တွေ၊ လူစီးသုံးဘီးဆိုင်ကယ်တွေ၊ ဒေသ အစီအစဉ်နဲ့ တပ်ဆင်ထားတဲ့ ဆိုင်ကယ်ဘေးတွဲတွေ၊ တောတွင်းနဲ့ ကမ်းစပ်မှာ သုံးတဲ့ လေးဘီးပါ ဆိုင်ကယ်တွေ၊ မှတ်ပုံတင်ထားခဲ့ပေမယ့် သက်တမ်း ၅ နှစ်ကျော် ပြတ်နေတဲ့ ဆိုင်ကယ်တွေ ကိုတော့ လုပ်ပေးမှာ မဟုတ်ပါဘူး။ တိုင်းနဲ့ ပြည်နယ်တွေမှာ တရားမဝင် မှတ်ပုံတင်မယ့် သုံးဘီးမော်တော်ဆိုင်ကယ်၊ လျှပ်စစ် သုံးဘီးဆိုင်ကယ်တွေသုံးနေတာတွေ့ရပြီး ယာဉ်တိုက်မှုနဲ့ ရာဇဝတ်မှုခင်းတွေဖြစ်ရင် စိစစ် ဖော်ထုတ်ဖို့ ခက်ခဲတာ၊ လမ်းပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်လို့ ကြီးကြပ်ဖို့ ခက်တာတွေကြောင့် မှတ်ပုံတင်လုပ်ပေးဖို့ လိုအပ်လာတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နောင်မှာ မှတ်ပုံတင်မယ့် ဆိုင်ကယ်တွေကို သုံးမယ်ဆိုရင်တော့ နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024