အိန္ဒိယတွင် လူအုပ်ကို ရထားဝင်တိုက်မှုကြောင့် သေဆုံးသူ ၆၁ ဦးထိမြင့်တက်

အိန္ဒိယနိုင်ငံမြောက်ပိုင်း အမ်ရစ္စတာမြို့မှာ ရထားလမ်းပေါ်က လူအုပ်ကို ခရီးသည်တင် ရထားက အရှိန်နဲ့ တိုက်မိခဲ့လို့ သေဆုံးသူဦးရေဟာ ၆၁ ယောက်ထိ မြင့်တက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက် ညနေက ဒက်ရှာဟရာ ပွဲတော်အတွင်း မီးရှူးမီးပန်းတွေ ပစ်ဖောက် ဆူညံနေလို့ ရထားလာနေတာကို လူတွေက မသိခဲ့ကြဘူးလို့ ဒေသခံမီဒီယာက ဆိုပါတယ်။ ဒီပွဲတော်မှာ ရာဝဏ္ဏအဖြစ် သရုပ်ဆောင်သူ ဒယ်ဘီယာဆင်းဂ်ဟာ ဟန်ချက်ပျက်ပြီး ရထားကြိတ်ခံရလို့ မသေခင် လူအနည်းဆုံး ၈ ယောက်ကို ကယ်တင်ခဲ့ပါတယ်။ "ပွဲစီစဉ်သူတွေနဲ့ ရထားလုပ်ငန်း အာဏာပိုင်တွေရဲ့ အမှားပဲ၊ စည်းကမ်းမရှိဘူး၊ ရထား အများစုက အချိန်မှန် လာကြတာ မဟုတ်ဘူး၊ လုံခြုံမှုမရှိဘူး" လို့ သေဆုံးသူရဲ့ ညီအစ်ကို ဟက်ပီး ဆင်းဂ်က ပြောပါတယ်။ ဒက်ရှာဟရာပွဲတော်ဟာ အဓမ္မကို ဓမ္မက အနိုင်ရတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်ကျင်းပနေကျ ပွဲတော် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up