A d v e r t i s e m e n t With Us

တရုတ်တွင် ကျောက်မီးသွေးတွင်းပြိုကျ၍ ၃ ဦးသေဆုံး၊ ၁၈ ဦး ပိတ်မိနေ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်မှာ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် ပိတ်မိနေတဲ့ လုပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ပိတ်မိနေတယ်လို့ နိုင်ငံပိုင် သတင်းဌာနက အောက်တိုဘာ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၀ ရက် ည ၁၁ နာရီအချိန်က ကျောက်မီးသွေးတွင်း ပေါက်ကွဲခဲ့တာပါ။ အဲဒီအတွက် ရေမြောင်းဥမင် တစိတ်တပိုင်း ပျက်စီးပြီး လူ ၂ ဦးသေဆုံး၊ ၂၀ ပိတ်မိနေတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့မှာ လုပ်သား ၂ ဦးကို ကယ်ဆယ်ခဲ့ပြီး ၁ ဦးသာ အသက်ရှင်ခဲ့ပြီး ၁၈ ဦးပိတ်မိနေတာလို့ စီစီတီဗွီ သတင်းဌာနက ကြေညာခဲ့ပါတယ်။ အဲဒီ ကျောက်မီးသွေးတွင်းဟာ ယွန်ချန်စီရင်စုအတွင်း တည်ရှိပြီး ရှန်ဒေါင်းစွမ်းအင်ဂရုပ် ကုမ္ပဏီက ပိုင်ဆိုင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up