A d v e r t i s e m e n t With Us

ဒူးခေါင်းအစားထိုး ကုသမှ မာရာဒိုနာ လမ်းလျှောက်နိုင်မည်ဟု ဆရာဝန် ပြော

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာဟာ လမ်းလျှောက်နိုင်ဖို့အတွက် ဒူးခေါင်းအစားထိုးကုသဖို့က အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ကိုလံဘီယာလူမျိုး ဆရာဝန် ဂါးမန်းအိုချိုအာက ပြောပါတယ်။ ၂၀၀၄ ခုနှစ်ကလည်း တကြိမ် ခွဲစိတ်ကုသထားရပြီး အရိုးတွေ ပွတ်တိုက်နေတာကြောင့် ကွေးဆန့်တဲ့အချိန်မှာ အခက်အခဲရှိနေပြီး လမ်းလျှောက်ချိန် နာကျင်စေပြီး အခက်အခဲ ဖြစ်စေတယ်လို့ သိရပါတယ်။ မာရာဒိုနာဟာ အရင်ကလည်း မူးယစ်ဆေးသုံးစွဲမှုကြောင့် မကြာခဏဆိုသလို ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ အခု ဒူးဒဏ်ရာခွဲစိတ်ကုသဖို့ အတွက်ကိုလည်း မာရာဒိုနာအနေနဲ့ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ နာ့ဗ်ကြောတွေ ပိတ်ဆို့မှုဖြစ်ပြီး လမ်းမလျှောက်နိုင်တဲ့ အခြေအနေ ရရှိသွားနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up