A d v e r t i s e m e n t With Us

ကမ္ဘာ့ သစ်လုံးလွှတိုက် ချန်ပီယံရှစ် ပွဲစဉ်နှစ်ပွဲလုံးတွင် သြစတြေးလျ ကစားသမား ချန်ပီယံဆုရရှိ (ရုပ်သံ)

ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ သစ်လုံးလွှတိုက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ သြစတြေးလျမှ လောရန့်စ်အိုတူးအိုက ပွဲစဉ်နှစ်ပွဲလုံးမှာ  အောင်ပွဲဆင်ပြီး ချန်ပီယံဆု ရသွားပါတယ်။ ဒီပြိုင်ပွဲမှာ သြစတြေးလျဟာ အသင်းလိုက်ရော တဦးချင်းပြိုင်ပွဲမှာပါ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တဦးချင်းပြိုင်ပွဲမှာ လွှတိုက်ပြိုင်ပွဲဝင်တွေဟာ စည်းမျဉ်း ၆ ခုနဲ့အညီ ယှဉ်ပြိုင်ကြရပါတယ်။ အဲဒီ ချန်ပီယံရှစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၂ ဦးနဲ့ စတင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး စည်းမျဉ်း ၂ ခုကြောင့် ပြိုင်ပွဲဝင် ၆ ဦးအထိ လျော့နည်းသွားခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်မှာတော့ သြစတြေးလျမှ လောရန့်စ်အိုတူးအိုက အမေရိကန်မှ မက်သရူးကိုဂါကို ၆ ဒသမ ၀၂ စက္ကန့်အသာနဲ့ အနိုင်ရပြီး ချန်ပီယံဆု ရခဲ့တာပါ။ အိုတူးအိုဟာ စုစုပေါင်း ရမှတ် ၆၉ မှတ်နဲ့ ပထမနေရာမှာ ရပ်တည်ပြီး ကိုဂါကတော့ ၆၁ မှတ်နဲ့ ဒုတိယနေရာ ရခဲ့ပါတယ်။ ချက်သမ္မတနိုင်ငံက မာတင်ကိုမာယက်ကတော့ ၅၇ မှတ်နဲ့ တတိယနေရာ ရခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up