မက်ဂရီဂေါ်ကို အနိုင်ရရှိခဲ့သည့် ခါဘစ် ညီအစ်ကိုများနှင့် အောင်ပွဲခံ

UFC 299 မှာ ကော်နာမက်ဂရီဂေါ်ကို အနိုင်ရရှိခဲ့တဲ့ ရှုံးပွဲမရှိချန်ပီယံ ခါဘစ်ဟာ အောင်ပွဲအတွက် ညီအစ်ကို ၁၈ ယောက်နဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ ၂၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရရှိပြီးနောက်ပိုင်း မက်ဂရီဂေါ် စိန်ခေါ်ထိုးသတ်ခဲ့တဲ့ နာမည်ကြီး လက်ဝှေ့အကျော်အမော် ဖလွိုက်မေဝဲသာကို ထပ်မံစိန်ခေါ်ထားတယ်လို့ သိရပါတယ်။ ခါဘစ်က မေဝဲသာလည်း ရှုံးပွဲမရှိသလို သူလည်း ရှုံးပွဲမရှိထားတာကြောင့် ထိုးသတ်ဖို့ မဖြစ်နိုင်တာမရှိဘဲ မက်ဂရီဂေါ်ကိုလည်း အနိုင်ရရှိထားလို့ ထိုးသတ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။ မေဝဲသာဘက်ကလည်း ထိုးသတ်ကြေးပိုင်းမှာ ညှိနှိုင်းလို့ အဆင်ပြေမယ်ဆိုရင် ထိုးသတ်လိုနေပြီး အမေရိကန်ဒေါ်လာ ၁၅၂ သန်း ရရှိမယ်ဆိုရင် ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ယခင် မက်ဂရီဂေါ်နဲ့ ပွဲစဉ်လိုပဲ UFC ဥက္ကဋ္ဌ ဒေနာဝှိုက်အနေနဲ့ ညှိနှိုင်းမှုအပိုင်းမှာ အားထုတ်ရဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ မက်ဂရီဂေါ်ဟာ မေဝဲသာရဲ့ ထိုးသတ်မှုအောက်မှာ ကြံ့ကြံ့ခံ ကြိုးစားသွားခဲ့တာကြောင့် ပရိသတ်အကြိုက် ပွဲစဉ်တပွဲ ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up