အမေရိကန်တွင် ပါတီပွဲလုပ်စဉ် ကြမ်းခင်းပြိုကျ၊ လူ ဒါဇင်ချီ ဒဏ်ရာရ (ရုပ်သံ)

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကလမ်ဆန်မြို့မှာ အောက်တိုဘာ ၂၁ ရက်နေ့က ပါတီပွဲ ပြုလုပ်နေစဉ် ကြမ်းခင်းပြိုကျခဲ့တာကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီလို ကြမ်းခင်းပြိုကျပုံကို ပါတီဆင်နွှဲသူတဦးက ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ စီအန်အန် သတင်းအရ ကလမ်ဆန်တက္ကသိုလ်အနီး ကလပ်ပွဲတခုမှာ ပါတီကျင်းပနေတုန်း ကြမ်းခင်းပြိုကျခဲ့ပြီး အနည်းဆုံး လူ ၃၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒဏ်ရာရသူ အများစုဟာ ခြေကျိုး လက်ကျိုးတွေ ဖြစ်ခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up