သတင်းထောက်သေဆုံးမှု ဆော်ဒီအစိုးရ ကိုင်တွယ်မှုအပေါ် ထရမ့်ကျေနပ်မှုမရှိ

ဆော်ဒီ သတင်းထောက် ဂျမဲခါရွှန်းအီသေဆုံးမှုနဲ့ပတ်သက်လို့ ဆော်ဒီအစိုးရ ကိုင်တွယ်ပုံအပေါ် ကျေနပ်မှုမရှိကြောင်း၊ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ ပြောဆိုသွားမယ်လို့အမေရိကန် သမ္မတထရမ့်က အောက်တိုဘာလ ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒါပေမယ့် ဆော်ဒီအစိုးရရဲ့   ဒေါ်လာဘီလျံ ၁၁၀ တန်ဖိုးရှိတဲ့ အမေရိကန် စစ်လက်နက်ပစ္စည်းမှာ ယူမှုကိုတော့ ဖျက်သိမ်းမှာ မဟုတ်ဘူးလို  သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။ အဲဒီအတွက် အရေးယူပိတ်ဆို့မှု အပါအ၀င် တခြားလုပ်နိုင်တာတွေ ရှိတယ်လို့လည်း ထရမ့်က ဆိုပါတယ်။ အဲဒီနောက် သမ္မတထရမ့်က ရုရှားဟာ နျူကလီးယား သဘောတူညီချက်ကို ချိုးဖောက်နေတာကြောင့် အမေရိကန်အနေနဲ့ သဘောတူညီချက်ကနေ  နုတ်ထွက်မယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ဆော်ဒီသတင်းထောက် ဂျမဲခါရွှန်းအီဟာ ကောင်စစ်ဝန်ရုံးအတွင်း သေဆုံးခဲ့တယ်လို့  ဆော်ဒီအာရေးဘီးယားအစိုးရက အောက်တိုဘာလ ၂ဝ ရက်နေ့မှာ ဝန်ခံပြောကြားလိုက်ခဲ့တာပါ။ ဆော်ဒီရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲမှာဂျမဲခါရွှန်းအီနဲ့ ကောင်စစ်ဝန်ရုံးအတွင်း တွေ့ခဲ့တဲ့ လူတချို့ ခိုက်ရန်ဖြစ်ခဲ့ရာကနေ ဂျမဲခါရွှန်းအီ သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီအတွက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဆော်ဒီနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆော်ဒီဘုရင့်အကြံပေး ဆုဒ်-အယ်-ကာတန်နီနဲ့ ထောက်လှမ်းရေး ဒုတိယအကြီးအကဲ အာမက်-အက်ဆီဒီတို့ကိုလည်း ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ ဆော်ဒီသတင်းထောက် ဂျမဲခါရွှန်းအီဟာ အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးကို သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up