Home
မြန်မာသတင်း
ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့် မူးယစ်ဆေးသုံးစွဲမှုလျှော့ချရေး တောင်ကြီးတွင် စက်​ဘီးစီးပွဲပြုလုပ်
DVB
·
October 21, 2018
ဆေးလိပ်​​ငွေ့ကင်းစင် ​ရှမ်းပြည်​တခွင်​နဲ့ လူငယ်​​တွေ မူးယစ်​​ဆေးဝါး သုံးစွဲမှု​လျော့ချ​ရေး ပညာ​ပေးလှုံ့ဆော်​မှုအ​နေနဲ့ ​တောင်​ကြီးမြို့မှာ ကျောင်းအ​ခြေပြု လူထုစက်​ဘီးစီး ပွဲကို ဒီနေ့ ပြုလုပ်​ခဲ့ပါတယ်။ လူငယ်​​တွေ အားကစားဘက်​ကို စိတ်​ပါဝင်​စားလာ​အောင်​နဲ့ တခြားမ​ကောင်းတဲ့ဘက် ​မ​ရောက်​​အောင်​ စက်​ဘီးစီးအားကစားနဲ့ စွဲ​ဆောင်​သွားမှာဖြစ်​ပြီး ​ဆေးလိပ်​​ငွေ့ကင်းစင်​တဲ့ ပြည်​နယ်​ဖြစ်​ဖို့ ရည်​ရွယ်​ပြီး လုပ်​တာလို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။ ရှမ်းပြည်နယ်မှာ ​​​လူငယ်​အ​တော်​များများက မူးယစ်​​ဆေးဝါးမှု​တွေ များတယ်​၊ ဒါကိုမ​လျော့နိုင်​ရင်​ အလွန်​စိုးရိမ်​စရာ​ကောင်းတယ်​လို့ စက်​ဘီးစီးအသင်းဥက္ကဋ္ဌ ကိုအောင်ကျော်မိုးက ဆိုပါတယ်​။ စက်​ဘီးစီးနင်းပွဲကို ရှမ်ပြည်နယ်အစိုးရ ဝန်​ကြီးအပါဝင်​ ​​​အရွယ်​​ပေါင်းစုံ အမျိုးသမီး၊ အမျိုးသား တွေက စု​ပေါင်းစီးနင်းကြပါတယ်​။ ဗို​လ်​ချုပ်​​အောင်​ဆန်းပန်းခြံကနေ မိန်းလမ်းမတ​လျောက်​စီးနင်းပြီး အ​ရှေ့မြို့ပတ်​လမ်းအတိုင်းပတ်​ကာ မြို့လယ်​​ကျောက်​တိုင်​ကွင်းမှာ ပန်းဝင်​ကြတာဖြစ်​ပါတယ်​။ စက်​ဘီးစီးနင်​ပွဲကို တပတ်​တကြိမ်၊ ၅ ပတ်​ဆက်တိုက်​ ​ပြုလုပ်​မှာ ဖြစ်​ပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024