ထိပ်တန်းလိဂ် ၅ ခုတွင် ဂိုး ၄၀၀ ပြည့် ကစားသမားအဖြစ် ရော်နယ်ဒို မှတ်တမ်းဝင်

2.3K
ဂျီနိုအာနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ပထမဆုံးသွင်းဂိုး ၄၀၀ ပြည့်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြန်ပါတယ်။
ကွာဒွါဒိုရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး အခုတကြိမ်မှတ်တမ်းသစ်ဟာ ဂုဏ်ယူဖွယ်ရာဖြစ်ခဲ့ပြီး ကမ္ဘာပေါ်မှာမှာရှိတဲ့ ဘောလုံးသမားတွေ တကြိမ်မှမရရှိဖူးသေးတဲ့ မှတ်တမ်းတွေကို ရယူနေတဲ့ ကစားသမားလည်း ဖြစ်လာပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ်ရရှိထားတဲ့ေ ရ်ာနယ်ဒိုအတွက် ခြွင်းချက်မရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရရေး အထောက်အကူပြုနိုင်တဲ့ မှတ်တမ်းတခုလည်း ဖြစ်ပါတယ်။