A d v e r t i s e m e n t With Us

ဟိုတယ်ထဲ အစာဝင်ရှာသည့် တောရိုင်းဝက်ဝံ (ရုပ်သံ)

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်ထဲမှာတော့ တောရိုင်း ၀က်ဝံတကောင်ဟာ ဟိုတယ်တခုအတွင်းကို ပြီးခဲ့တဲ့တပတ်က ၀င်ရောက်လာပြီး အစာရှာဖွေခဲ့ပါတယ်။ ဒါကို ဟိုတယ်ကို လာတည်းတဲ့ ဧည့်သည် တယောက်က ရိုက်ကူးထားပါတယ်။ ၀က်ဝံဟာ ဟိုတယ်ထဲက အမှိုက်ပုံးထဲကို မွှေနှောက်ပြီး အစာရှာဖွေခဲ့ပါတယ်။ ရုပ်သံရိုက်ကူးသူကတေ့ ၀က်ဝံကို ဗွီဒီယို ရိုက်ကူးနိုင်တဲ့အတွက် မယုံကြည်နိုင်လောက် အောင် ဖြစ်ရတယ်လို့ ဆိုထားပါတယ်။ အဲဒီဟိုတယ်ဟာ ဘေးမဲ့ပေးထားတဲ့ Great Smoky Mountains အမျိုးသားဥယျာဉ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီ ဘေးမဲ့တောထဲမှာဆိုရင် ၀က်ဝံအကောင်ရေ ၁၅၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ၀က်ဝံဟာ အစာရှာရင်း မျက်စိလည်ပြီး ဟိုတယ်ထဲကို ရောက်လာတယ်လို့ ခန့်မှန်းရပါတယ်။

A d v e r t i s e m e n t With Us

More News
Up