အာဖဂန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

အာဖဂန်လွှတ်တော်ရွေးကောက်ပွဲကျင်းပတဲ့ အောက်တိုဘာလ ၂ဝ ရက်နေ့ကမြို့တော် ကဘူးလ်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အရပ်သား ၁ဝ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၂၅ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ အကြီးတန်း လုံခြုံရေး အရာရှိတဦးက ပြောပါတယ်။ အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တဲ့အချိန်ဟာ  မဲရုံတွေကို ပိတ်ထားရမယ့်အချိန် ဖြစ်ပါတယ်။ ဒါပေမယ့် မဲမပေးရသေးတဲ့လူတွေ အများကြီး ကျန်ရှိနေတာမို့ မဲရုံတွေကို သတ်မှတ်ချိန်ထက် ကြာပြီး ဖွင့်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်တွေက တာလီဘန် စစ်သွေးကြွတွေဟာ အာဖဂန်ပြည်သူတွေကို ရွေးကောက်ပွဲမှာ မဲမပေးဖို့ ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး မဲရုံတွေ တိုက်ခိုက်ခံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up