A d v e r t i s e m e n t With Us

ဘိုင်ယန်မြူးနစ်က ၀ု့စ်ဘက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ ဝု့စ်ဘက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို မိနစ် ၃ဝ မှာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ဒုတိယဂိုးကိုလည်း လီဝမ်းဒေါ့စကီးကပဲ သွင်းယူပါတယ်။ တိုက်စစ်မှူး ရော်ဘင် ဟန်ဆောင်လှဲချတာနဲ့ ဖျက်တာကြမ်းလို့ နှစ်ဝါတနီနဲ့ ၅၇ မိနစ်မှာ အထုတ်ခံလိုက်ရပါတယ်။ ဘိုင်ယန်က တယောက်အထုတ်ခံရပေမယ့်လည်း တဖက်အသင်းဘက်ကို ဖိအား ကစားနိုင်ခဲ့ပါတယ်။ ဝု့စ်ဘက်အတွက် ချေပဂိုးကို ၆၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက် သွင်းယူပါတယ်။ ဘိုင်ယန်အတွက် အပိတ်ဂိုးကို ရော်ဒီဂတ်က အပိုင်ကန်သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ ဘိုင်ယန်အသင်းရဲ့ ၄ ပွဲဆက် နိုင်ပွဲမရသေးတာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ လတ်တလော အမှတ်ပေးဇယားမှာ ဘိုင်ယန်က ၁၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဒေါ့မန်ရဲ့ နောက် ၄ မှတ်အကွာနဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up