ဗုဒ္ဓဟူးဂြိုဟ်ကို ၇ နှစ်ကြာ လေ့လာရန် ဘက်ပီကိုလံဘို အာကသယာဉ် ထွက်ခွာ

1.9K
နေအဖွဲ့အစည်းအတွင်းရှိ ဗုဒ္ဓဟူးဂြိုဟ်ကို လေ့လာဖို့အတွက် ဘက်ပီကိုလံဘို အာကာသယာဉ်ဟာ အောက်တိုဘာ ၂၀ ရက်နေ့က ပြင်သစ်ဂီယာနာ ဒေသကနေ ၇ နှစ်ကြာ ခရီးကို စတင်ခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ဗုဒ္ဓဟူးဂြိုဟ်ကို တတိယမြောက် သွားရောက်တဲ့ မစ်ရှင်ဖြစ်ပြီး အာရီယန် ၅ ဒုံးပျံကို တင်ဆောင်ကာ ဥရောပအာကာသစခန်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးဂြိုဟ်ဟာ နေနဲ့အလွန်နီးပြီး အကွာဝေးကီလိုမီတာ သန်း ၆၀ တောင်မရှိတာကြောင့် အာကာသယာဉ်တွေ သွားရောက်တာ အလွန်နည်းပါတယ်။
ဒီအတွက် ဗုဒ္ဓဟူးဂြိုဟ်သွားခရီးစဉ်ဟာ အန္တရာယ်များလွန်းပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ မျက်နှာပြင် အပူချိန်ဟာ နေ့ဘက်မှာ ၄၀၀ ဒီဂရီစင်တီ ဂရိတ်ကျော်လွန်ပြီး ညဘက်မှာတော့ အနုတ် ၁၇၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းတတ်ပါတယ်။
ဘက်ပီ ကိုလံဘို အာကာသယာဉ်ဟာ လွှတ်တင်ပြီး ၁ နှစ်ခွဲအကြာမှာ ကမ္ဘာမြေဆွဲအား စက်ကွင်းကနေ ရုန်းထွက်ပြီး ခရီးဆက်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။