A d v e r t i s e m e n t With Us

မန်စီးတီး ၅-၀ ဘန်လေ၊ ၀က်စ်ဟမ်း ၀-၁ စပါး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ အသင်းကြီးတွေထဲက မန်ချက်စတာ စီးတီးနဲ့ စပါးအသင်းတို့ နိုင်ပွဲ ကိုယ်စီ ရရှိသွားပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ ဘန်လေကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။ အနိုင်ဂိုးတွေကို အက်ဂူရို၊ ဆေးဗား၊ ဖာနန်ဒင်ဟို၊ မာရက်ဇ်နဲ့ ဆာနေးတို့က အသီးသီး သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်သမား မာရက် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ စပါးကတော့ အဝေးကွင်းမှာ ၀က်စ်ဟမ်းကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ စပါးအတွက် အနိုင်ဂိုးကို ၄၄ မိနစ်မှာ လာမယ်လာက သွင်းယူပါတယ်။ ဒီပွဲမှာ စပါး ဂိုးသမား လောရစ် လက်စွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ လောလောဆယ် အမှတ်ပေးဇယားမှာ မန်စီးတီးက ၂၃ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး စပါးက ၂၁ မှတ်နဲ့ အဆင့် ၄ မှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up