အစ္စရေးတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၃ဝ ကျော် ဒဏ်ရာရ

A wounded Palestinian is evacuated during a protest calling for lifting the Israeli blockade on Gaza and demanding the right to return to their homeland, at the Israel-Gaza border fence in the southern Gaza Strip October 19, 2018. REUTERS/Ibraheem Abu Mustafa
ဂါဇာနယ်စပ် ဆန္ဒပြပွဲအတွင်း အောက်တိုဘာ ၁၉ ရက်နေ့က အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၃ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်ဘက် တာဝန်ရှိသူကတော့ ဆန္ဒပြသူ ၁ သောင်းကျော်ဟာ နယ်စပ်မှာ စုဝေးပြီး နယ်စပ်တဖက်က အစ္စရေးတပ်ဖွဲ့တွေကို မီးရှို့ထားတဲ့ တာယာတွေ၊ လက်ပစ်ဗုံးတွေ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်းဘက်က ဒုံးကျည်ပစ်ခတ်ခဲ့တဲ့အတွက်  အစ္စရေးတောင်ပိုင်း နေအိမ်တစ်အိမ် ပျက်စီးခဲ့ပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့က ဂါဇာနယ်စပ်တလျှောက် အစ္စရေးသံချပ်ကာ ကားတွေကို ဖြန့်ကြက်ခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းဘက်က တိုက်ခိုက်မှုတွေ ဆက်လုပ်နေရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့  ကတိပြုပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up