A d v e r t i s e m e n t With Us

တရုတ်အမျိုးသားတဦး Vocal Note အမြင့်ဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်

Xiao Lung Wang လို့ခေါ်တဲ့ တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ကမ္ဘာ့အမြင့်ဆုံး Vocal Note ပိုင်ရှင်အဖြစ် ဂင်းနစ်မှတ်တမ်းမှာပိုင်ဆိုင်နိုင်ခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ Wang ရဲ့စံချိန်တင်ခြင်းအခမ်းအနားကို ပြီးခဲ့တဲ့ ဇန်နဝါရီက တရုတ်နိုင်ငံရဲ့ Happy Camp ရုပ်သံအစီ အစဉ်မှာပြုလုပ်ခဲ့တာပါ။ Wang ရဲ့အော်သံဟာ သာမာန်ဆို လူတယောက်ရဲ့ အသံထက် ကြောင်တကောင် ရဲ့အသံနဲ့ ပိုတူခဲ့ပေမယ့် ဒါဟာ ဖရီကွင်စီ ၅၂၄၃ hertz ရှိတဲ့ ရှစ်ခုမြောက် octave က E အသံဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒီသတ်မှတ်ချက်နဲ့အတူ Wang ကိုလည်း Vocal Note အမြင့်ဆုံး အမျိုးသားဆိုတဲ့ ကမ္ဘာ့စံချိန်ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ Wang မတိုင်ခင် စံချိန်တင်ထားသူကတော့ သြစတြေးလျလူမျိုး အဆိုတော်၊ အဆိုနည်းပြ အဒမ်လိုပတ်ဇ်ပဲဖြစ်ပါတယ်။ လိုပတ်ဇ်ဟာ စံချိန်ဟောင်းကို ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ကတင်ခဲ့တာဖြစ်ပြီး သူ့စံချိန်ဟောင်းမှာ D8 ကို ၄၄၃၅ hertz ရှိခဲ့ပါတယ်။ ဒါဟာ စန္ဒယားတလုံးရဲ့ အမြင့်ဆုံး နုတ်စ်ထက် semitone သုံးဆပိုများပါတယ်။ ဒါပေမယ့် လိုပတ်ဇ်ထက် Wang ရဲ့အသံက ပိုအားကောင်းခဲ့ပြီး သူ့အသံဟာ သြစတြေးလျအဆိုတော်ရဲ့ အသံထက် ထက်ဝက်နီးပါး ပိုများတယ်လို့လည်း သိရပါတယ်။ Wang ရဲ့အသံကို အရည်အသွေးမြင့် အသံစနစ်တိုင်းတာတဲ့ စက်ကိရိယာတွေနဲ့ တိုင်းတာခဲ့ပြီးနောက် တပြိုက်နက် သူ့ကို ဂင်းနစ်စံချိန်ပေးခဲ့တာပဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up