A d v e r t i s e m e n t With Us

နတ်ဘုရားအဖြစ် ပြန်လည်မွေးဖွားလာရန် အိန္ဒိယနိုင်ငံသားတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့

နတ်ဘုရားတပါးအဖြစ် ပြန်လည်မွေးဖွားလာအောင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခံခဲ့တဲ့ အိန္ဒိယနိုင်ငံက အမျိုး သားတစ်ဦးကို ရဲတပ်ဖွဲ့က အချိန်မီကယ်ဆယ်နိုင်ခဲ့တယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခံခဲ့သူဟာ ဒီရက်ဂ်ျခါရိုဆိုသူဖြစ်ပြီး သူဟာ အိန္ဒိယနိုင်ငံ ရာဂျက်စတန် ပြည်နယ်ကာရို ချိုကာခီဒါ ကျေးရွာက ဘုရားကျောင်းတကျောင်းမှာ သူတော်စင်တဦးအဖြစ် နေထိုင်သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခံပြီး နတ်ဘုရားတပါးအဖြစ် ပြန်လည်မွေးဖွားလာအောင် ဆောင်ရွက်တော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ပြီးတဲ့နောက်မှာ သူ့သတင်းဟာ နေထိုင်ရာ ကျေးရွာနဲ့ ပတ်ဝန်းကျင်တွေ အထိပါပျံ့နှံ့သွားခဲ့ပြီး သူ့လုပ်ရပ်ကို တားမြစ်မယ့်သူမရှိဘဲ အားလုံးက ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။ သူ့ဆုံးဖြတ်ချက်အရ ရွာသားတွေဟာ ဘုရားကျောင်းအနီးမှာ တွင်းတတွင်း တူးပေးခဲ့ကြပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ရွာသားတွေဟာ ခါရိုဆင်းသွားတဲ့တွင်းကို အင်္ဂတေတွေနဲ့ ပိတ်ကာ သူ့ကိုမီးရှို့ခဲ့ကြတာပါ။ ဒီသတင်းကို ရဲတပ်ဖွဲ့ဝင်တွေကလည်း ရရှိခဲ့ပြီး ခါရိုတွင်းထဲဆင်းပြီး မိနစ်အနည်းငယ် အကြာမှာ မီးရှို့မှုပြုလုပ်ရာ ဘုရားကျောင်းအနီးကို ရောက်ရှိလာခဲ့ပေမယ့် ရဲတွေကို ဘုရားကျောင်းအနီးမှာ စုဝေးနေတဲ့ ရွားသားတွေက ဝိုင်းဝန်းတားမြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေကို ပျက်စီးသွားမှာ စိုးရိမ်ခဲ့တဲ့အတွက် ဒီလိုတားမြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေက သက်ကြီးအုပ်ချုပ်သူတွေကို ပြောပြစည်းရုံးခဲ့ပြီး မီးတွင်းထဲက ခါရိုကို ကယ်ထုတ်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့တွေ ကယ်တင်နိုင်ခဲ့ချိန်မှာ ခါရိုဟာ သတိအနည်းငယ်သာရှိတော့ပြီး သူ့ကိုနီးစပ်ရာ ဆေးရုံကို အမြန်တင်ပို့ ပေးနိုင်ခဲ့ပါတယ်။ ခါရိုကတော့ ဒီဖြစ်စဉ်တခုလုံးဟာ သူ့သဘောဆန္ဒအရ ပြုလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ကျေးရွာသားတွေကို တစုံတရာအပြစ်မတင်ဖို့လည်း တောင်းဆိုခဲ့တယ်လို့ ဒေသ တွင်းသတင်းတွေမှာဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ ခါရိုကိုသာမက သူ့ကိုဝိုင်းဝန်းကူညီခဲ့တဲ့ ရွားသားတွေကိုပါ တရားစွဲဆိုထားတယ်လို့သိရပြီး သူတို့ကို ဘယ်လိုပုဒ်မမျိုးနဲ့ တရားဆွဲဆိုထားတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up