Live
Home
မြန်မာသတင်း
အရှေ့လေပွေလှိုင်း အောက်တိုဘာ ၂၁ ရက်ညသန်းခေါင် ပြည်နယ်နှင့်တိုင်းအချို့ကို ၀င်နိုင်
DVB
·
October 20, 2018
ထိုင်းပင်လယ်ကွေ့အတွင်းက အနောက်ဖက်ကို ရွေ့လျားလာတဲ့ အရှေ့လေပွေလှိုင်းဟာ မနက်ဖြန် ည သန်းခေါင်အချိန်မှာ ရန်ကုန်နဲ့ ဧရာဝတီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့ကို ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွန်က ခန့်မှန်းပါတယ်။ အောက်တိုဘာ ၂၁ ရက် ညသန်းခေါင်း အချိန်က စတင်လို့ မုတ္တမကွေ့အတွင်း ဝင်လာပြီး နောက်တရက်အကြာ အောက်တိုဘာ ၂၂ ရက် ညသန်းခေါင်းအချိန်လောက်မှာ မုတ္တမကွေ့ထဲက ပြန်ထွက်မယ်လို့ ဆိုပါတယ်။ အရှေ့လေပွေလှိုင်း ဖြတ်သန်းသွားတုန်းမှာ မုတ္တမကွေ့အတွင်း လေပြင်းတိုက်ခတ်ပြီး  လှိုင်းကြီးနိုင်ပါတယ်။ လေပြင်းတွေဟာ ၁ နာရီကို မိုင် ၃၀ ကနေ ၄၀ လောက်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၈ ပေကနေ -၁၂ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရေယာဉ်တွေအနေနဲ့  သတိပြုသွားလာကြဖို့ ဒေါက်တာ ထွန်းလွင်က သတိပေး ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024