ငါးသယံဇာတ ထိန်းသိမ်းရေးကြောင့် ကယ်လီဖိုးနီးယားတွင် ဆူးတောင်ပြာတူနာငါးများ ပြန်တွေ့

ငါးသယံဇာတ ထိန်းသိမ်းရေး ကြိုးပမ်းမှုတွေကြောင့် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ဆူးတောင်ပြာ တူနာငါးတွေကို ပြန်လည်တွေ့ရှိနေပါတယ်။ ပစိဖိတ်သမုဒ္ဒရာမှာ ကျက်စားတဲ့ ဆူးတောင်ပြာတူနာငါးကြီးတွေကို ကယ်လီဖိုးနီးယား ရေပြင်မှာ မမြင်တွေ့ရတာ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်ပြီး အခုအခါမှာတော့ ပြန်လည် မြင်တွေ့နေရပါတယ်။ အကြောင်းကတော့ တစ်ကမ္ဘာလုံးရဲ့ ငါးသယံဇာတ ထိန်းသိမ်းရေး ကြိုးပမ်းမှုတွေက ပစိဖိတ်သမုဒ္ဒရာရဲ့ တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံး ငါးပြန်လည်ပေါ်လာအောင် သက်သေ ပြလိုက်တာပဲ ဖြစ်ပါတယ်။ “အခုမြင်တွေ့နေရတာက ငါးဖမ်းမှု အစီအမံတွေရဲ့ ရလဒ်ဖြစ်ပါတယ်။ အခုဆိုရင် ဆူးတောင်ပြာတူနာငါးတွေကို အရင်ကထက်တောင် မြင်တွေ့နေရပါတယ်။ အကောင်အရေ အတွက်လည်း ပိုပြီးတိုးလာပါတယ်။ ဒါဟာ စနစ်တကျ ငါးဖမ်းတဲ့အခါ ရရှိတဲ့ အကျိုးကျေးဇူးတွေ ဖြစ်တယ်တယ်။” လို့ ငါးသယံဇာတဌာန ညွှန်မှူး ဂျရက်ဒင်နာဒိုက ပြောပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ဆန်တီယေဂိုမြို့မှာ အပူချိန် စံချိန်တင်မြင့်တက်ခဲ့တာနဲ့ သမုဒ္ဒရာရေ ပူနွေးတာကြောင့်လည်း ပေါင် ၂၅ဝ ကျော်တဲ့ ဆူးတောင်ပြာ တူနာငါးအတွက် စားကျက်မြေ ဖြစ်လာတာပါ။ ဇန်နဝါရီလ အစောပိုင်းက ပေါင် ၈၉ဝ ရှိတဲ့ ဆူးတောင်ပြာဟာ တိုကျိုငါးဈေးမှာ အမေရိကန်ဒေါ်လာ ၃၂၃,ဝဝဝ- ဈေးရခဲ့ပါတယ်။ အခုလို ဆူးတောင်ပြာ တူနာငါးတွေကို ပြန်လည်တွေ့ရှိတာကို ဒေသခံ အပျော်ဖမ်း ငါးဖမ်းသမားတွေက ကြိုဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up