Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 19, 2018
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆ဝ ဝင် တအိတ်ကို ၅၅၅၅ဝ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၅၃ဝဝဝ ကနေ ၅၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၄၅ဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ပဲစင်းငုံနီ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအသစ်က တအိတ်ကို ၄ဝဝဝဝ ကနေ ၄၃ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၂ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁ဝဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ပဲတီစိမ်း မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းက ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၉ဝဝဝဝ ကနေ ၉၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂ဝဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၈၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၉၅ဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ နှမ်းနက် မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိဿာဝင် တအိတ်ကို ၁၈ဝဝဝဝ ကနေ ၂ဝဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၈ဝဝဝဝ ကနေ ၁၉၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၅ဝဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ နှမ်းဖြူ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းဖြူက တအိတ်ကို ၁၄၈ဝဝဝ ကနေ ၁၆၃ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၁ဝဝဝ ကနေ ၁၆ဝဝဝဝ ပေါက်ဈးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၃ဝဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ပန်းနှမ်း မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပန်းနှမ်းကတော့ တအိတ်ကို ၅၅ဝဝဝ ကနေ ၅၅၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၂၅ဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၃ဝဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024