တပ်မိသားစုဝင်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
August 21, 2012
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေမှာ တပ်မိသားစုဝင်တွေကို တပ်ပြင်ပ မထွက်ရဘူးဆိုပြီး အမိန့်ထုတ်ထားပါတယ်။ လိုအပ်လို့ အပြင်ထွက်ချင်ရင် လက်မှတ်အကြိမ်ကြိမ် ထိုးနေရပါတယ်။ တခါတရံ ထွက်ခွင့်မရပါ။ ဒီ့အပြင် ဂျာနယ်မဖတ်ရ၊ စာစောင်မဖတ်ရလို့ အမိန့်ထုတ်ထားပါတယ်။ တွေ့ရင် စစ်သည်နဲ့အတူ မိသားစုကိုပါ အရေးယူမယ်လို့ ပြောပါတယ်။ စာမဖတ်ရင် မည်မျှလူဖြစ်ရကျိုး ရှုံးတယ်ဆိုတာကို တွေးကြောက်မိပါတယ်။
တပ်တွင်းသာမက တပ်အပြင်မှာပါ ထွက်ပြီးမြက်ပေါက်သန့်ရှင်းရေးလည်း လုပ်ခိုင်းပါတယ်။ မလုပ်ရင် စစ်သည်နဲ့မှီခိုအားလုံး အရေးယူခံရပါတယ်။ စည်ပင်အလုပ်လည်း စစ်သည်နဲ့ မှီခိုများပါ လုပ်နေရတာဟာ လူ့အခွင့်အရေး ဆုံးရှုံးနေရတယ်လို့ ခံစားရတဲ့အတွက် သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
တပ်မိသားစုဝင်တဦး