ညောင်ဦးမြို့တွင် ဟိုတယ်ဝန်ထမ်းများ ဆန္ဒပြ
DVB
·
October 18, 2018
ညောင်ဦးမြို့မှာ မြို့နယ်ဟိုတည်ချစ်သူ အလုပ်သမားသမဂ္ဂက ဦးဆောင်ပြီး ဟိုတယ် ၁၁ လုံးက ဝန်ထမ်းတွေက အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သရပါဟိုတယ် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို အလုပ်ထုတ်ပစ်လိုက် တာကြောင့် အလုပ်ပြန်ခန့်ပေးဖို့အတွက် အခုလိုဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ တဦးကပြောပါတယ်။
အဆိုပါ ဆန္ဒဖော်ထုတ်ဖော်မှုကို လူအင်အား ၁၅၀ ဝန်းကျင်နဲ့ ညောင်ဦး-မြင်းခြံ ကားလမ်း ညောင်ဦးဆုတောင်းပြည့်ဘုရား ဇာတ်ခုံကွင်းကနေ ပုဂံမြို့ဟောင်း သရပါ တံခါးအထိ စီတန်းလှည့်လည်ခဲ့ကြတာပါ။
သရပါဟိုတယ်က မတရားအလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင်နဲ့ အလုပ်သမားအဖွဲ့ဝင်တွေကို ပြန်လည်ခန့်အပ်ပေးရေး၊ သရပါဟိုတယ်က အလုပ်ရှင်နဲ့ မန်နေဂျာတွေ မတရား အလုပ်ထုတ်မှု ရပ်တံ့ပေးရေး၊ သရပါဟိုတယ်ကနေ သမဂ္ဂဖြိုခွင်း အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း - ကိုလင်း (ချောက်)