ရုရှားရောက် အီဂျစ်သမ္မတကို Formula 1 ပြိုင်ကွင်းသို့ ပူတင် ကားမောင်းပို့

2.2K
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ရုရှားနိုင်ငံ ဆိုချီမြို့ကို အလည်ရောက်နေတဲ့ အီဂျစ်သမ္မတ အဘ်ဒယ်ဖာတာ အယ်လ်စီစီနဲ့အတူ အောက်တိုဘာ ၁၇ ရက်က ဆွေးနွေးအပြီး Formula 1 ကားပြိုင်ကွင်းတလျှောက် ကားမောင်းပို့ခဲ့ပါတယ်။
သမ္မတအတွက် ကားကို ရုရှား ကားကုမ္ပဏီ အားရို့စ်က စီစဉ်ပေးခဲ့တာပါ။ ဒီကုမ္ပဏီဟာ မေလက ပူတင်ရဲ့ ကျမ်းကျိန်ပွဲအတွက်လည်း ကားအကြိုအပို့ စီစဉ်ပေးခဲ့ပါတယ်။
ဇိမ်ခံ မှန်လုံကားသစ်ဟာ ဆီဒင်၊ မီနီဗန်နဲ့ လမ်းကြမ်းမောင်းကား တမျိုးစီပါတဲ့ ကားရ်တက်ဇ်မိုဒယ် စီးရီးထဲကကားလည်းဖြစ်ပြီး ပထမဆုံးအကြိမ် လူရှေ့ထုတ်ပြတာပါ။
၂၀၁၂ ခုနှစ်တည်းက တီထွင်ထုတ်လုပ်ထားတဲ့ ဒီကားကို ရုရှား သုတေသနတက္ကသိုလ် နာမီက ထုတ်လုပ်ပါတယ်။
ရုရှားကားလုပ်ငန်း ဆိုးလက်စ်နဲ့တွဲဖက်ပြီး ဖြန့်ချိရောင်းချမှာလည်း ဖြစ်ပါတယ်။ ဒီကားသစ်ဟာ ဆိုဗီယက်ခေါင်းဆောင်တွေကို ဆယ်စုနှစ်ချီ သယ်ပို့ပေးခဲ့တဲ့ ရုရှားလုပ် ဇီးလ် ဆီဒန်စ်ကားရဲ့ မျိုးဆက်သစ်လည်း ဖြစ်လာမှာပါ။