ဇန်နဝါရီလတွင် ကမ်းလှမ်းလာသည့်အသင်းများနှင့် ဆွေးနွေးမည်ဟု အာစင်ဝင်းဂါး ပြော

လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ကမ်းလှမ်းလာတဲ့ အသင်းတွေနဲ့ စတင်ဆွေးနွေးတော့မှာ ဖြစ်တယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း ကမ်းလှမ်းမှုတွေ ရှိပေမယ့် ပယ်ချခဲ့ပြီး အနားယူနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအသင်းမျိုးကို ကိုင်တွယ်မယ်ဆိုတာတော့ ပြောလို့မရသေးဘဲ ကလပ်အသင်း ဖြစ်နိုင်သလို လက်ရွေးစင်အသင်းလည်း ဖြစ်နိုင်တယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ လက်ရှိအချိန်မှာ အာစင်ဝင်းဂါးကို ခေါ်ယူဖို့အတွက် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ဂျပန်ကလပ်အသင်းတွေက စိတ်ဝင်စားနေပါတယ်။ အသက် ၆၈ နှစ်ရှိ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး အဲဒီအတွေ့အကြုံတွေက အသင်းတသင်းကို ကိုင်တွယ်ဖို့ လုံလောက်တယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up