မော်လ်တာ ကလပ်အသင်း၏ ကမ်းလှမ်းမှု အူစိန်ဘော့ ငြင်းဆန်

ဘောလုံးကစားနေတဲ့ တာတိုအပြေးချန်ပီယံ အူစိန်ဘော့ဟာ မော်လ်တာ ကလပ်အသင်းတသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဂျမေကာအပြေးချန်ပီယံ အူစိန်ဘော့ဟာ သြစတြေးလျကလပ် စင်ထရယ်ကုတ်မာရီနာအသင်းမှာ ပါဝင်ကစားနေပြီး ပြီးခဲ့တဲ့အပတ်က ခြေစမ်းပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါကြောင့် အူစိန်ဘော့ကို ခေါ်ယူဖို့အတွက် မော်လ်တာကလပ် ဗယ်လက်တာအသင်းက ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပြီး အူစိန်ဘော့က ပယ်ချခဲ့တာပါ။ မော်လ်တာကလပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် အူစိန်ဘော့အနေနဲ့ ဘောလုံးဆက်ကစားမှာဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားတဦး ဖြစ်လာဖို့ စိတ်အားထန်သန်နေဆဲဖြစ်တယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up