ပေါ့ဂ်ဘာကို ခေါ်ပေးရန် ဘာစီလိုနာ ကစားသမားများ တောင်းဆိုဖွယ်ရှိ

ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားတွေက မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဗြိတိန်သတင်းစာ ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ မက်ဆီ၊ ပီကးတို့လို ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားတွေဟာ ပေါ့ဂ်ဘာအကြောင်းနဲ့ပတ်သတ်ပြီး အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ပြောဆိုမှုတွေရှိပြီး အသင်းကိုခေါ်ယူဖို့ တောင်းဆိုဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းမှာ အမ်တီတီနဲ့ ဒမ်ဘီလီတို့ဟာလည်း ပေါ့ဂ်ဘာနဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားနေသူတွေ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ကတော့ အခုနှစ်အတွင်းမှာ အမြတ်ငွေလျော့ကျလာပြီး ပေါင် ၉ ဒသမ ၆ သန်းလောက်ပဲ ဝင်ငွေရှိတာကြောင့် ပေါ့ဂ်ဘာကိုခေါ်ယူဖို့ အခက်အခဲ တွေ့နိုင်တယ်လို့ ဆိုပါတယ်။ အသက် ၂၅ နှစ်ရှိ ပေါ့ဂ်ဘာဟာ မန်ယူအသင်းကို ပေါင် ၈၉ သန်းကျော်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ဘာစီလိုနာအနေနဲ့ အဲဒီပြောင်းရွှေ့ကြေးပမာဏလောက် ပေးချေမှ ခေါ်ယူခွင့်ရဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up