Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
October 18, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟော လိဝုဒ်ဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Wildlife ! ဒီကားကိုတော့ အမေရိကန် သရုပ်ဆောင်၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Paul Dano က ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးအမေရိကန်စာရေးဆရာ Richard Ford ရဲ့ ၁၉၉၀ တုန်းက ထွက်ရှိခဲ့တဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်  ပြန်ပြီး အသက်သွင်းပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက ၁၉၆၀ ပြည့်နှစ်ကာလ၊ အမေရိကန်နိုင်ငံ၊ Montana ဒေသမှာ အ ခြေတည်ရိုက်ကူးထားတာ ဖြစ်ပြီး အဲဒီဒေသဟာ တောင်တန်းထူထပ်တဲ့ ဒေသတခုဖြစ် ပြီး ကနေဒါနိုင်ငံနဲ့ ထိစပ်နေတဲ့ ဒေသပါ။   Golf Pro တယောက်ဖြစ်တဲ့ Jerry, အိမ်ရှင်မ ဖြစ်တဲ့ Jeanette နဲ့ တဦးတည်းသော သားဖြစ်တဲ့ ၁၄ နှစ်အရွယ် Joe တို့ဟာ အဲဒီဒေ သမှာ နေထိုင်ကြတယ်။ တနေ့မှာတော့ ထိန်းချုပ်လို့ မရလောက်အောင် တောမီးလောင် ကျွမ်းမှုကြီးဖြစ်ပြီး Jerry ဟာ အလုပ်ဆုံး ရှုံးရတယ်။ ဇနီးနဲ့ သားကို ထားခဲ့ပြီး ထောက်ပံ့ ပေးနိုင်ဖို့ တနေရာကို ထွက်သွားရတယ်။ ဒီအချိန်မှာ Jeanette က နောက်အမျိုးသားတ ဦးနဲ့ ဆုံတွေ့ချိန်မှာ သူတို့ရဲ့ အိမ်ထောင်ရေး တဖြည်းဖြည်း ပြိုကွဲသွားတာကို ကြုံတွေ့ ရတဲ့ ဆယ်ကျော်သက် သားဖြစ်သူဘက် အမြင်တွေကိုပါ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Zodiac, Prince of Persia စတဲ့ ရုပ်ရှင်ကားတွေနဲ့ သရုပ် ဆောင်ထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ အမေရိကန်သရုပ်ဆောင်မင်းသား Jake Gyllenhaal နဲ့အတူ နာမည်ကြီး British သရုပ်ဆောင်မင်းသမီး Carey Mullingan, သြ စတေးလျ ဆယ်ကျော်သက် သရုပ်ဆောင် Ed Oxenbould တို့က ခေါင်းဆောင်ပါဝင် ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီးရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Sundance Film Festival, Cannes Film Festival, Newyork Film Festival စတဲ့ ရုပ်ရှင်ပွဲတော်တွေ မှာ ပြသခဲ့ပြီး ချီးကျူးအားပေးမှုတွေ အများကြီး ရရှိထားတာပါ။ IMDb မှာလည်း ဒီရုပ်ရှင် ကားဟာ Rating 7 ထိ ရရှိထားတာဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြောစကား Dialog တွေ၊ ပြကွင်းပြကွက် တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘ အုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ လျှို့ဝှက်သည်းဖို Thriller ရုပ်ရှင်ပရိသတ်တွေအတွက် The Super ! ဒီကားကိုတော့ Saban Films က တင်ဆက်လိုက်တာဖြစ်ပြီး ဂျာမန်ရုပ်ရှင်ဒါရိုက် တာ Stephan Rick က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ နယူးယောက်မြို့က ဇိမ်ခံလူနေအဆောက်အအုံကြီးတခုကို အခြေတည်ရိုက်ကူးထားခဲ့တာပါ။ အဲဒီအိမ်ကြီးထဲမှာ နေထိုင်ကြသူတွေထဲက ဆယ် ကျော်သက်တယောက်စပျောက်သွားခဲ့ပြီးနောက်မှာ တယောက်ပြီးတယောက် ထူးထူး ဆန်းဆန်း ပျောက်ဆုံးကုန်တယ်။ အဲဒီအချိန်မှာ ရဲအရာရှိဟောင်းတယောက်ဖြစ်တဲ့ Phil Lodge ဟာ လျှို့ဝှက်စုံစမ်းစစ်ဆေးရေးမှူးတယောက်အဖြစ် အဲဒီအိမ်ကြီးဆီ ရောက်လာ ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ အချိန်မလွန်ခင် ဒီအဖြစ်အပျက်တွေရဲ့ တရားခံကို ရှာ ဖွေရင်း သူနဲ့အတူပါလာတဲ့ သမီးတွေပါ အန္တရာယ်ပြေးလမ်းပေါ် ရောက်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ။ တရားခံကရော ဘယ်သူလဲဆိုတာတွေကို  ပရိသတ် တွေက မကြာခင်မှာ ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့အမေရိကန်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့   Patrick John Flueger, Val Kilmer, Louisa Krause တို့နဲ့အတူ ကလေး သရုပ် ဆောင်တွေဖြစ်ကြတဲ့ Mattea Conforti, Taylor Richardson တို့က ခေါင်း ဆောင်ပါ ၀င်ထားကြတာပါ။ ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ၊ ပြောစကား Dialog တွေ၊ ပြကွင်းပြကွက်တွေ ပါဝင် နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ် ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6.2 အထိ ရရှိထားတာဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၉ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားတကားရှိပါတယ်။ ဒီကားက တော့ Hollywood Comedy Drama ပရိသတ်တွေ နှစ်သက်ကြမယ့် Mid90s ! ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jonah Hill က သူကိုယ်တိုင်ဇာတ် လမ်းရေးပြီး ကိုယ်တိုင်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကာလတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး Stevie ဟာ Los Angeles မှာ အစ်ကိုဖြစ် တဲ့ Ian, Single Mom ဖြစ်တဲ့ Dabney တို့နဲ့ အတူ နေထိုင်တယ်။ သူ့အစ်ကို ကလည်း သူ့အပေါ် ကြင်ကြင်နာနာမရှိသလို သူ့မိသားစုဘ၀ဟာ စိတ်ပျက်စရာကောင်းပြီး  ခက် ခက်ခဲခဲ ရပ်တည်နေထိုင်နေရတယ်။ နွေရာသီမှာတော့ သူဟာ Motor Avenue အမည် ရတဲ့ Skate Shop မှာ Skaters သူငယ်ချင်းအုပ်စုတစုနဲ့ ခင်မင်မိသွားချိန်မှာတော့ သူ့ ရဲ့ ဘ၀နေ ထိုင်မှုပုံစံ ပြောင်းလဲသွားခဲ့တယ်။ Mid90s ဆိုတဲ့အတိုင်း ဒီရုပ်ရှင်ကားထဲမှာ ၁၉၉၀ ပြည့်လွန်ကာလတွေက အမေရိကန် ဆယ်ကျော်သက်တွေရဲ့ ဖြတ်သန်းမှုပုံရိပ် တွေ၊ အခြေအနေတွေကို ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲဆိုတာကို ပရိသတ်တွေက ရှု စားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အမေရိကန်ကလေးသရုပ်ဆောင်တဦးဖြစ်တဲ့ Sunny Suljic က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ Lucas Hedges, Katherine Waterston တို့က အဓိက တွဲဖက်ပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Toronto Film Festival နဲ့ Newyork Film Festival တွေမှာ ကနဦးပြသခဲ့ပြီး IMDb မှာလည်း Rating 7.6 ထိ ရရှိ ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၄ မိနစ်ပဲရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကားကတော့ မြန် မာရုပ်ရှင်ကားတကားဖြစ်တဲ့ သမ္မတကြီးထံပေးစာ ! ဒီကားကတော့ မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို မီးမောင်းထိုး ဖော်ကျူးထားတဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး ဒါရိုက်တာ ၀ိုင်းက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ စာ ရေးဆရာ လူနေရဲ့ ၀တ္ထုကို နေနော်က ဇာတ်ညွှန်းခွဲထားပေးထားတဲ့ ဒီရုပ်ရှင်ကားကို တော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ပဲပြုတ်သည် အဖွားအို တယောက်ရဲ့ စာတစောင်ကနေ ဇာတ်လမ်းစတင်ထားတဲ့ ဒီရုပ်ရှင်ကားဟာ လူသတ်မှုတစ်ခုကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တရား ဥပဒေရဲ့ အထက်မှာ အာဏာနဲ့ ငွေဟာ တကယ်ပဲ ရှိနေပြီလား။ တရားခံမဟုတ်ဘူးဆို တာ သိနေရက်နဲ့ ဒီအမှုကို ဘာကြောင့် မဖော်ထုတ်ခဲ့တာလဲ။ ဒါဟာ ငွေကြောင့်လား။ လုပ်ပိုင်ခွင့် ကြောင့်လား။ ငွေများငွေနိုင် တရားရေးကို လက်မခံနိုင်တော့တဲ့ အမှုတခုမှာ တရားဥပဒေကို မယုံကြည်နိုင်တော့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို ဒီ ရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ထူးထူးခြားခြား လူငယ်သရုပ်ဆောင်မင်းသားမင်းသမီးသစ် တွေနဲ့ တွဲဖက်ရိုက်ကူးထားတာဖြစ်ပြီး အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေး၊ မေဆူး မောင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ရုပ်ရှင်အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မြို့မှာ  ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဖွေးဖွေးနဲ့ ၀ိုင်းတွဲဖက်မှုဟာလည်း ပရိသတ်အားပေးမှုရှိပြီး ဖြစ်ကာ အလင်းရောင်နဲ့ ချမ်းမင်းရဲထွဋ်တို့ကလည်း ပွဲဦးထွက် ထွက်ရှိပြီးဖြစ်တဲ့ ရုပ်ရှင် ကားတွေမှာ ပရိသတ် သတိပြုမိခဲ့သူတွေ ဖြစ်တာမို့ ဒီကားထဲမှာတော့ ဘယ်လိုသရုပ် ဆောင်မှုတွေနဲ့ ပါဝင်ထားကြမလဲဆိုတာကိုတော့ မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ကားဟာ လက်ရှိကာလကို ထင်ဟပ်နေတဲ့ ရုပ်ရှင် ကားတကားဖြစ်တာမို့ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Bollywood ပရိသတ်တွေအကြိုက်တွေ့စေမယ့် ရုပ်ရှင် Namaste England ! Romantic Comedy အမျိုးအစား ရုပ်ရှင်ကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်ကြ မယ့် ဒီရုပ်ရှင်ကားကိုတော့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Vipul Amrutlal Shah က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Namaste England  ဆိုတာ Hindi ဘာသာစကားနဲ့ဆိုရင် “မင်္ဂလာပါ အင်္ဂလန်” လို့ အဓိပ္ပါယ်ရပြီး ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့ပြီးဖြစ်တဲ့ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထပ်ထွက်လာတဲ့ ရုပ်ရှင်ကားပါ။ လွတ်လပ်မှုရရှိဖို့၊ အိပ်မက်တွေကို အကောင်အထည် ဖော်ဖို့ နိုင်ငံပြင်ပကိုထွက်သွားတဲ့ ဇနီးနောက်ကို လိုက်သွားတဲ့ ခင်ပွန်းတယောက်။ အိန္ဒိ ယနိုင်ငံ ပန်ဂျပ်ကနေ ဒါကာ။ အဲဒီကမှ ပြင်သစ်၊ ဘယ်လ်ဂျီယမ်။ နောက်ဆုံးမှာ လန်ဒန် ထိရောက်အောင် လိုက်သွားခဲ့တဲ့ အကြောင်းကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Arjun Kapoor, Parineeti Chopra, Hiten Patel တို့က ခေါင်းဆောင်ပါဝင် ထားကြတာ ဖြစ်ပါတယ်။ Bollywood အချစ်ဟာသဒရာမာရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီကားထဲမှာ လည်း အကအလှတွေ၊ တေးသီချင်းတွေနဲ့အတူ ရှုစားကြရမှာ ဖြစ်ပါတယ်။ Namaste England ရုပ်ရှင်ကားကို နေရာပေါင်း ၇၅ ခုလောက်မှာ ရိုက်ကူးထား ခဲ့တာဖြစ်ပြီး အိန္ဒိယ၊ ဘယ်လ်ဂျီယမ်၊ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံ စတဲ့နိုင်ငံတွေက ရှုခင်းအ လှအပတွေနဲ့အတူ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၄၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024