Home
မြန်မာသတင်း
ပဲခူးတိုင်းအစိုးရက ဝန်ကြီးဌာန ၂ ခု အပြောင်းအလဲလုပ်မည့်ကိစ္စ လွှတ်တော်ဆိုင်းငံ့
ပိုင်စိုး
·
October 17, 2018
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးဌာနနှစ်ခုကို အပြောင်းအလဲလုပ်မယ့် ကိစ္စကို ဒီနေ့ တိုင်းလွှတ်တော်မှာ အတည်မပြုဘဲ ဆိုင်းငံ့လိုက်ပါတယ်။ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးဌာနကနေ စည်ပင်ကဏ္ဍကို သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှာ ပူးပေါင်းပေးဖို့ တင်ပြခဲ့တာပါ။ တောင်ငူမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးအေးမင်းဝင်းက “စည်ပင်ဝန်ကြီးကပဲ တောင်းဆိုတာလို့ သိရပါတယ်။ ပြည်ထောင်စုကိုလည်း တင်ပြ ခွင့်ပြုချက်ယူထားပြီးပြီ လို့လည်း ပြောတယ်။ ဒါပေမယ့် လွှတ်တော်ကတော့ ဒီကိစ္စကို ဆိုင်းငံ့ပြီး ဥက္ကဋ္ဌကနေ ခုံရုံးတင်မယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးဌာနတွေရဲ့ ဖွဲ့စည်းပုံအရ သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဟာ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွေကို ကိုင်တွယ်ရပါတယ်။ စည်ပင်သာယာရေးနဲ့  လူမှုရေးဝန်ကြီးကတော့ သာသနာရေး၊ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး၊ စည်ပင်သာယာရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး၊ ကုသရေး၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်၊ အားကစားနဲ့ ကာယပညာ၊ လူမှုဝန်ထမ်း၊ တိုင်းရင်းဆေးပညာ၊ တက္ကသိုလ်၊ ကောလိပ်နဲ့ အဆင့်မြင့်ပညာဦးစီးဌာန ဌာန ၁၂ ခုကို ကိုင်တွယ်နေရတာပါ။ လက်ရှိ စည်ပင်သာယာရေးနဲ့  လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးက “နားချိန်မရဘူး ဖြစ်နေတယ်။ အိပ်ချိန်လေး တချိန်ပဲရှိနေတော့ ကျန်းမာရေးက ချွတ်ယွင်းလာတယ်။ အဲဒါကြောင့်ပါ” လို့ ပြောပါတယ်။ ဒီကိစ္စအပါအဝင် လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေ တင်ပြဖို့ ဒီနေ့ ပဲခူးတိုင်း လွှတ်တော်မှာစီစဉ်ထားခဲ့ပေမယ့်မပြီးပြတ်လို့ ဒီနေ့ ရပ်နားမယ့် ၁၀ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးကို ဆက်လက် ကျင်းပဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024