Home
သတင်းဓာတ်ပုံ
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ရေကြီး (ဓာတ်ပုံ)
DVB
·
August 21, 2012
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်နဲ့ အနီးတ၀ိုက်က ကျေးရွာတွေမှာ ရေကြီးနေတာကြောင့် ဒေသခံ ၂ သောင်းကျော်ဟာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်နဲ့ အနီးတ၀ိုက်က ကျေးရွာတွေမှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ဩဂုတ်လဆန်းပိုင်းကစပြီး ရေကြီးနေတာကြောင့် လူနေအိမ်တွေ၊ ဈေးတွေ၊ ကျောင်းတွေလည်း ပိတ်ထားကြရပါတယ်။ နေအိမ်တွေ နစ်မြုပ်ကုန်ပြီး နေစရာမရှိတော့တဲ့ ဒေသခံပြည်သူတွေအတွက် ကျောင်းကုန်းမြို့ထဲမှာ ဘုန်းကြီးကျောင်းတွေ အပါအ၀င် နေရာအတော်များများမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပြီး ရေဘေးဒုက္ခသည်တွေကို လက်ခံထားပါတယ်။ ရေနစ်မြုပ်မှု စာရင်းဇယားတွေအရ ရေဘေးဒုက္ခသည်ပေါင်း ၂၂၁၈၄ ယောက်ရှိနေပြီး ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေထိုင်သူပေါင်း ၆၆၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒီရေဘေးဒုက္ခသည်တွေအတွက် အစိုးရနဲ့ အလှူရှင်တချို့က လှူဒါန်းတာတွေ ရှိပေမယ့် ဆေးဝါးနဲ့ဆန်တွေ လိုအပ်နေသေးတယ်လို့ ရေဘေးကယ်ဆယ်ရေး ဦးစီးကော်မတီက ပြောပါတယ်။ ခုလိုရေကြီးတာကြောင့် နေအိမ်အဆောက်အအုံတွေသာမက လယ်မြေဧကပေါင်းများစွာလည်း နစ်မြုပ်ပျက်စီးသွားခဲ့ရပါတယ်။ ဒေသခံ မြို့မိမြို့ဖတွေဟာ ဒေသရဲ့ ဆန်စပါးထုတ်လုပ်မှု ကျဆင်းသွားမှာနဲ့ ကြုံလာရမယ့် အခက်အခဲတွေ အတွက်လည်း ပူပန်နေကြရပါတယ်။ [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/flooding of kyaut kone (irrawaddy division)/]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024