A d v e r t i s e m e n t With Us

ဂျပန်နှင့် စပိန် ဝန်ကြီးချုပ် ၂ ဦး တွေ့ဆုံ

စပိန်နိုင်ငံရဲ့ မြို့တော် မက်ဒရစ်ကို အလည်ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ စပိန်ဝန်ကြီးချုပ် ပေဒရို စန်ချက်ဇ်နဲ့ အောက်တိုဘာ ၁၆ ရက်က တွေ့ဆုံပါတယ်။ သူတို့ ၂ ဦးဟာ ဒီနှစ်ထဲမှာ သက်တမ်းကုန်မယ့် စပိန်-ဂျပန် အပြန်အလှန် မိတ်ဘက် သဘောတူညီချက်ကို ပြန်သက်တမ်းတိုးခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟာ သူ့ရဲ့ ဥရောပခရီးစဉ်အတွင်း ပြင်သစ်မြို့တော် ပါရီနဲ့ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်တို့ကိုလည်း သွားရောက် လည်ပတ်ဦးမှာပါ။ အဲဒီနောက် ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် အာရှ-ဥရောပ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ရှိပါတယ်။ အာဘေးရဲ့ စပိန်ခရီးစဉ်ဟာ ဂျပန်-စပိန် သံတမန်ဆက်ဆံရေး စတင်တဲ့ နှစ် ၁၅၀ ပြည့် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေတယ်လို့ ဂျပန်အစိုးရက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up