မြစ်ကြီးနားတွင် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ
DVB
·
October 17, 2018
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ "စာအုပ်ဈေးရောင်းပွဲတော်"ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ရုံးနဲ့ စာပေပြန့်ပွားရေးအဖွဲ့တို့မှ ပူးပါင်းကျင်းပနေ ပါတယ်။
မြစ်ကြီးနားမြို့ အ.ထ.က အမှတ် (၉ ) ရှေ့မှာရောင်းချနေတဲ့ စာအုပ်ဈေးပွဲတော်မှာ ကလေးပုံပြင်စာအုပ်၊ ဉာဏ်စမ်းစာအုပ်၊ ပုံဆွဲစာအုပ်၊ လူငယ်၊ လူရွယ်လူကြီးတွေအတွက် သုတ၊ ရသစာအုပ်၊ ဥပဒေရေးရာစာအုပ်နဲ့ အခြားစာအုပ်တွေကို ရောင်းချနေပါတယ်။
စာအုပ်ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ၅ ရက်ကြာရောင်းနေပြီး မနက် ၉ နာရီကနေ ည ၉ နာရီအထိ ရောင်းချနေတာပါ။