ဂျေရုဆလင်သို့ သံရုံးပြောင်းရွှေ့ရန် စဉ်းစားနေဟု သြစတြေးလျဝန်ကြီးချုပ် ပြော

ဓာတ်ပုံ - Reuters
ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပြီး သြစတြေးလျသံရုံးကို အဲဒီကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေရိကန်သမ္မတ ထရမ့်ဟာ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိမှတ်ပြုခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ကြာတဲ့ မူဝါဒကို ပြောင်းပြန်ပြုလုပ်ခဲ့ပါတယ်။ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးက “သြစတြေးလျရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၁၉၈၀ ခုနှစ် ဆုံးဖြတ်ချက်အမှတ် ၄၇၈ ကို ချိုးဖောက်တာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ အလားတူ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးကလည်း “နှစ်နိုင်ငံ ဖြေရှင်းနည်းအရ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေးစားပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ ဘယ်လိုလုပ်ဆောင်ချက်မှ မလုပ်ဆောင်ပါနဲ့” လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up